ဒေါင်းလုဒ်ရယူထားသော KeyMagic-v2.0Pre-4 ဖိုင်အား  နှစ်ချက်နှိပ်၍ အဆင့်ဆင့် Install လုပ်သွားနိုင်ပါတယ်။

Install ထည့်သွင်းခြင်းပြီးဆုံး၍ Run လိုက်ပါက အောက်တွင်ပြထားသည့်အတိုင်း Windows taskbar တွင် keymagic icon ပုံလေးနဲ့တွေ့ရမည်ဖြစ်ပါသည်။

keymagic install

icon ကိုမတွေ့ရဖြစ်နေပါက အဆိုပါမြှားပုံ iconကိုနှိပ်ပြီး KeyMagic ကို task bar ပေါ်သို့ဖိဆွဲချပေးလိုက်ပါ။

စာရိုက်ရန်လက်ကွက် keyboard ၅မျိုးထည့်သွင်းထား ပြီ:မိမိကြိုက်နှစ်သက်ရာပြောင်းလဲရန် keyboard ပေါ်ရှိ Ctrl ကိုဖိထားပြီ: _Spacebar ကိုတစ်ချက်ခြင်းနှိပ်ပေးခြင်းဖြင့်ပြောင်းလဲအသုံး ပြုနိုင်ပါသည်။ဒါ့အပြင် Add ကိုနိုပ်၍မိမိနှစ်သက်ရာ Keyboard(.Km2) ကိုထည့်သွင်းအသုံးပြုနိုင်သလို Remove ကိုနိုပ်၍မိမိအသုံးမပြု လိုသည့် Keyboard ကိုဖယ်ထုတ်နိုင်ပါသည်။

keymagic install

လက်ကွက်များရိုက်နည်းကိုလည်းအနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။

ဇော်ဂျီ-ယူနီကုဒ်

ဇော်ဂျီလက်ကွက်အတိုင်းရိုက်နိုက်တဲ့ Keyboard ဖြစ်ပါသည်။

စားပြီးပြီလား =  စ  ာ  း  ​ြ  ပ  ီ  း  ​ြ  ပ  ီ  လ  ာ  း
သင်္ဘော = သ  ​ေ  ဘ  င်္  ာ
ကမ္ဘာ = က  မ  \`  ဘ  ာ (\` =Tab ခလုတ်အပေါ်)

My-Win 2.3.0 Unicode 5.2

Win စာရိုက်စနစ်ကိုအ​ခြေခံထားသော Keyboard ဖြစ်ပါသည်။

စားပြီးပြီလား = စ  ာ  း  ​ပ  ြ  ီ  း  ​ပ  ြ  ီ  လ  ာ  း
သင်္ဘော = သ   ေ  ဘ  င်္  ာ
ကမ္ဘာ = က  မ  ဘ  ◌  ာ (◌=Tab ခလုတ်အပေါ်)

မြန်စံ

အခြားယူနီကုဒ်ကီးဘုတ်များနှင့်မတူဘဲ ‘ယ’အက္ခရာနေရာပြောင်းလဲသွားသလို ‘ဏ္ဌ’ အက္ခရာလည်းပါဝင်လာပါတယ်။

စားပြီးပြီလား = စ  ာ  း  ​ပ  ြ  ီ  း  ​ပ  ြ  ီ  လ  ာ  း
သင်္ဘော = သ  ​င  ်  ္   ေ  ဘ  ာ
ကမ္ဘာ = က  မ  ္  ဘ  ာ

ပြည်ထောင်စု

ပြည်ထောင်စု MM Keyboard အကြောင်းအနည်းငယ်ရှင်းပြချင်ပါတယ်။ မြန်မာယူနီကုဒ် ကီးဘုတ်တစ်ခုဖြစ်သော ပြည်ထောင်စုလက်ကွက်တွင် အက္ခရာရေးသားပုံအချို့ ပြောင်းလဲသွားပါတယ်။ပြောင်းလဲသွားသည့် အက္ခရာအချို့မှာ

  1. စလုံးယပင့် နှင့် ဇမြင်ဆွဲ ( စ◌ျ ၊ဈ ) ( စေ◌ျ )
  2. သရရစ် နှင့် အော ( သ◌ြ ၊ ဩ ) ( သေ◌ြ )
  3. ခဂငဒပဝ နှင့် ဝိုက်ချ (ာ) မရေးနိုင် ( ခါ၊ဂါ၊ငါ၊ဒါ၊ပါ၊ဝါ )
  4. ၎င်း တစ်ချက်တည်းရေး/ဖျက်နိုင်
  5. လေး ဖြင့် ၎င်း မရေးနိုင် ( ၄◌င်း )
  6. ၀ (သုည) ဖြင့်အသတ်မရေးနိုင် ( ၀◌က် ၊ ၀◌န် ၊၀◌င် ၊၀◌ဏ္ဏ )
စားပြီးပြီလား = စ  ာ  း  ​ပ  ြ  ီ  း  ​ပ  ြ  ီ  လ  ာ  း
သင်္ဘော = သ  ​င  ်  ္   ေ  ဘ  ာ
ကမ္ဘာ = က  မ  ္  ဘ  ာ

ထည့်သွင်းနည်းကိုပိုပြီးသိရှိလိုပါက Keymagic အတွင်း Keyboard လက်ကွက်ထည့်သွင်းနည်း

တွင်လေ့လာနိုင်ပါတယ်။