Keymagic အတွင်း Keyboard လက်ကွက်ထည့်သွင်းနည်း
Myanmar Unicode တွင် keyboard လက်ကွက်များစွာရှိရာ အသုံးပြုသူများအနေဖြင့် မိမိနှစ်သက်ရာ keyboard လက်ကွက်ကို ရွေးချယ်အသုံးပြုနိုင်ပါသည်။လက်ကွက်များစွာထဲမှ မိမိကြိုက်နှစ်သက်ရာ လက်ကွက်ကို အချိန်တိုအတွင်း လက်ကွက်တစ်ခုမှ အခြားလက်ကွက်တစ်ခုသို့ လွယ်ကူ လျှင်မြန်စွာ ပြောင်းလဲအသုံးပြုနိုင်ရန် keymagic အတွင်းမိမိကြိုက်နှစ်သက်ရာ လက်ကွက်များကို ထည့်သွင်းထားခြင်းဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါသည်။
Pyidaungsu MM Keyboard ကိုနမူနာအဖြစ်ထည့်သွင်းရှင်းပြထားပါသည်။အခြားသောလက်ကွက်များကိုလည်းဤနည်းအတိုင်းထည့်သွင်းအသုံးပြုနိုင်ပါသည်။
Pyidaungsu MM Download
- Keymagic သို့အရင်သွားပါ။
- Keymagic ထဲရောက်သွားပြီဆိုရင်အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်။

- ပြီးရင်
Add buttonအား တစ်ချက်နိုပ်ပါ။ - Windows Explorer ပေါ်လာပြီဆိုပါကဒေါင်းလုဒ်ရယူထားသော Keyboard လက်ကွက်
Pyidaungsu MM.km2ကိုမိမိဒေါင်းလုဒ်ချခဲ့သောနေရာတွင်ရှာဖွေရမည်။ - ဒေါင်းလုဒ်ရယူထားသော Keyboard လက်ကွက် ( Pyidaungsu MM.km2 ) ကိုတွေ့ပြီဆိုပါကအောက်ပါပုံအတိုင်းအဆိုပါ ( Pyidaungsu MM.km2 ) ကိုထောက်၍ တစ်ချက်နိုပ်ပြီး Open button ကိုတစ်ချက်နိုပ်ပါ။ဒီလိုဆိုအသုံးပြုနိုင်ပါပြီ။
