e-Government Conference & ICT Exhibition (Nay Pyi Taw 2016) ကို နေပြည်တော်ရှိ MICC 2 ခန်းမတွင် အောက်တိုဘာ ၇ – ၈ ရက်ထိ ၂ရက်တိုင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့ကပူးပေါင်း ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတွင် သက်ဆိုင်ရာ ပညာရှင်အသီးသီးမှ မိမိတို့ အခန်းကဏ္ဍများအလိုက် စာတမ်းများ ဖတ်ကြားတင်ပြခဲ့သည့် အနက် မြန်မာဘာသာနှင့် ယူနီကုဒ်စံစနစ် နှင့်ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၏ တွဲဘက်အတွင်းရေးမှူး ဒေါက်တာ ဦးထွန်းသူရသက်မှ Unicode and Myanmar Language ခေါင်းစဉ်ဖြင့် တင်ပြခဲ့ပါသည်။ Presentation PDF file Presentation ကိုရယူနိုင်ပါသည်။