မြန်စံ (Smart) စာစီစာရိုက်စနစ်အသုံးပြုရာတွင် အသုံးပြုသူသည် Key alone ၊ Shift Key နှင့် ( ` ) Key တို့ကိုအသုံးပြုရမည်ဖြစ်သည်။ ( ယင်းအား အသုံးပြုပုံကို အထက်ဖော်ပြပါ ဇယားတွင် ဖော်ပြထားသည်။ )လိမ္မော်ရောင်ဖြင့် ပြသထားသည့်စာလုံးများသည် shift နှင့်တွဲရိုက်ရမည့်စာလုံးများဖြစ်သည်။မီးခိုးရောင်ဖြင့် ပြသထားသည့်စာလုံးများသည် Key alone များဖြစ်သည်။ပန်းရောင်ဖြင့် ပြသထားသည့်စာလုံးများသည် ( ` ) Key ဖြင့်အသုံးပြုရမည့်စာလုံးများဖြစ်သည်။ဆက်လက်ပြီ: တင်ပြသွားမည့် အကြောင်းအရာများမှာ အသုံးပြုသူ များအသုံးပြုရာတွင်လွယ်ကူစေရန်နှင့်အမှားအယွင်းနည်းပါးစေရန်ပြုလုပ်ထားသောအကြောင်းအရာများဖြစ်သည်။

အထူးပြုစာလုံးများ

‘ ဋ္ဌ ‘ ဆိုသောအက္ခရာကို ‘ ဥက္ကဋ္ဌ ‘ ဟုရေးသားရာတွင်အများစုအသုံးပြုကြသည်။‘ ဥက္ကဋ္ဌ ‘ ဟုစာစီသောအခါတွင်အသုံးပြုသူအများစုသည် ‘ဋ္ဌ ‘ အစား ‘ ဌ ‘ ကိုမှားယွင်းအသုံးပြုတတ်ကြောင်းတွေ့ရသည်။မြန်မာစာအသုံးတွင် ‘ ဋ္ဌ ‘ သည် ‘ ဋ ‘ နှင့် ‘ ဌ ‘ ကိုပေါင်း၍ရေးသားထားခြင်းဖြစ်သည်။ထို့ကြောင့်ယင်းအတွတ်အဆင်ပြေလည်စေရန် ‘ ဋ္ဌ ‘ကိုထည့်သွင်းပေးထားသည်။
‘ ဏ္ဌ ‘ အစား ‘ဏ္ဍ ‘ ကိုမှားယွင်းစွာစာစီလေ့ရှိကြောင်းတွေ့ရသည်။ထို့ကြောင်းယင်းကဲ့သို့မှားယွင်းမှုများမရှိအောင် ‘ဏ္ဌ ‘ ကိုအထူးပြုစာလုံးအနေဖြင့်ထည့်သွင်းပေးထားသည်။
‘ ၎င်း ‘ သည် ‘လည်းကောင်း ‘ကိုအတိုချုံရေးသားထားခြင်းဖြစ်သည်။ထိုအရေးအသားအတွတ်အသုံးပြုသူအများစုသည်ဂဏန်းမှ ‘၄ ‘ ကိုမှားယွင်းအသုံးပြုနေသည်ကိုတွေ့ရသည်။ယင်းကဲ့သို့မှားယွင်းမှုများမရှိအောင် ‘ ၎င်း ‘ ကိုအထူးပြုစာလုံးအနေဖြင့်ထည့်သွင်းပေးထားသည်။
‘ ဏ္ဍ ‘ ဆိုသောအက္ခရာသည် ‘ ဏ ‘ နှင့် ‘ဍ ‘ ကိုဆင့်၍ရေးသားထားခြင်းဖြစ်သည်။ယင်းအတွတ်အဆင်ပြေလည်စေရန်အထူးပြုစာလုံး အနေဖြင့်ထည့်သွင်းပေးထားသည်။
‘ ကျပ် ‘ ဆိုသောစကားလုံးကို က+ျ+ပ+် ဖြင့်စာစီနိုင်သော်လည်းအသုံးများသည့်စကားလုံးဖြစ်သောကြောင့်အထူးပြုစာလုံးအနေဖြင့်ထည့်သွင်းပေးထားသည်။

အောက်ဖော်ပြပါဇယားသည်အထူးပြုစကားလုံးတို့၏ပုံသဏ္ဌာန်နှင့်တည်ရှိသောနေရာကိုပြသပေးထားခြင်းဖြစ်သည်။

စာလုံးပုံ အင်္ဂလိပ်ကီးခလုတ်
ဏ္ဌ ~+2
၎င်း R
ဏ္ဍ @
ကျပ် $

###

ပါဠ်ဆင့် (စာလုံးဆင့်) များရိုက်သွင်းနည်း

စာလုံးဆင့်များရိုက်နှိပ်လိုပါက အဆင့်ခလုတ်အဖြစ်အသုံးပြုထားသောအင်္ဂလိပ်ကီး ‘ f ‘ နှင့်shift key တို့ကိုရိုက်နှိပ်ပြီးဆင့်လိုသောအက္ခရာကိုဆက်ရိုက်လိုက်ပါကစာလုံးအဆင့် (ပါဠ်ဆင့် )ဖြစ်သွားပါလိမ့်မည်။

အောက်ဖော်ပြပါဇယားသည် ပါဠ်ဆင့် ရိုက်နည်းနမူနာအဖြစ်ပြသပေးထားခြင်းဖြစ်သည်။

စာလုံးပုံ စာလုံးပေါင်းပုံ အင်္ဂလိပ်ကီးခလုတ်
မန္တ မ+န+္+တ r+e+F+w
လိမ္မော် လ+ိ+ ေ+မ+္+မ+ာ+် v+d+a+r+F+r+m+f
တက္ကသိုလ် တ+က+္+က+သ+ိ+ု+လ+် w+u+F+u+o+d+k+v+f
လင်္ကာ လ+င+်+္+က+ာ v+i+f+F+u+m

###

မတူကွဲပြားသောအက္ခရာများ

ကွန်ပျူတာအသုံးပြုသူအများစုသည်စာစီစာရိုက်ပြုလုပ်ရာတွင်တချို့သောစကားလုံးများကိုမှားယွင်းစွာရိုက်တတ်ကြသည်ကိုတွေ့ရသည်။ထို့ကြောင့်ယင်းသို့မတူညီဘဲကွဲပြားသောအက္ခရာများကိုသတိပြုနိုင်ရန်အောက်ပါအတိုင်းဖော်ပြပေးထားသည်။

၁။သုည '၀' နှင့် ဝလုံး 'ဝ' မတူပါ

 	၂။စလုံးရပင့် 'စျ' နှင့် ဇမြင်ဆွဲ 'ဈ'မတူပါ

 	၃။ညလေး 'ဉ' နှင့် အက္ခရာအု 'ဥ'မတူပါ

              စ + ဉ + ် = စဉ်

 	၄။သရရစ် 'သြ' နှင့် အက္ခရာအော 'ဩ'မတူပါ

 	၅။အက္ခရာ ‘ဋ္ဌ’ နှင့် အက္ခရာ ‘ဌ’ မတူပါ

              ဥ+က+္+က+ဋ+္+ဌ=ဥက္ကဋ္ဌ

              သ+ူ+ ေ+ဌ+း=သူဌေး

 	၆။အက္ခရာ ‘ဏ္ဌ’ နှင့် အက္ခရာ ‘ဏ္ဍ’ မတူပါ

              သ+ဏ္ဌ+ာ+န+်=သဏ္ဌာန်

              မ+ဏ္ဍ+ာ+ပ+်=မဏ္ဍာပ်

 	၇။ဝစ္စပေါက် ‘း’ နှင့် ‘;’ မတူပါ။

             ‘:’ သည်အချိန်ရေးသားရာတွင်အသုံးပြုနိုင်ရန်ထည့်သွင်းပေးထားခြင်းဖြစ်သည်။ဥပမာ−၅:၀၀ နာရီ။

###

နမူနာပြ စာရိုက်နည်း

စာလုံးအချို့ကို နမူနာအဖြစ် အောက်ပါဇယားတွင် ရိုက်နှိပ်ပုံအဆင့်ဆင့်ကို ဖေါ်ပြအပ်ပါသည်။ ရရစ် အက္ခရာကို ဗျည်းနောက်မှ ရိုက်ရပါမည်။ ိ ု ၊ ု ံ ၊ ံ ့ ကဲ့သိုသောအပေါ်အောက် စာလုံးများကို နှစ်သက်ရာ အရင်ရိုက်နိုင်ပါသည်။၎င်းအစီအစဉ်များကို တမျိုးတည်း ဖြစ်စေရန် အလိုလျောက် ပြင်ဆင်ပေးပါလိမ့်မည်။

စာလုံးပုံ စာလုံးပေါင်းပုံ အင်္ဂလိပ်ကီးခလုတ်
ကျူ က + ျ + ူ u + s + l
ကျို က + ျ + ိ +ု u + s + d + k
ကျွမ်း က + ျ + ွ + မ + ် + း u + s + G + r + f + ;
ကြီး က + ြ + ီ + း u + j + D + ;
ခြုံ ခ + ြ + ု+ ံ c + j + k + H
မြို့ မ + ြ + ိ + ု + ့ r + j + d + k + h
ကြွေး ေ + က + ြ + ွ + း a + u + j + G + ;