Chrome Browser ဖြင့် ယူနီ ဇော်ဂျီ နှစ်မျိုးလုံး ဖတ်လို့ရအောင် ပြုလုပ်နည်း (Windows 8, 8.1 and 10)
မိမိတို့ကွန်ပျူတာမှာ ဇော်ဂျီပဲရှိတယ် ယူနီကုဒ်နဲ့တင်တဲ့စာတွေဖတ်လို့မရဘူး ယူနီကုဒ်ပဲရှိတယ် ဇော်ဂျီစာတွေ ဖတ်လို့မရဘူးဆိုရင် ဒီနည်းလမ်းလေးက တကယ့်ကိုအသုံးဝင်မှာပါ။ ဒီနည်းလမ်းက ယူနီဇော်ဂျီတွေကို convert လိုပြောင်းလဲပေး တာမဟုတ်ဘဲ ယူနီကုဒ် ဆိုရင် ယူနီကုဒ် ဖောင့်ပုံစံ နဲ့ပြသလို ဇော်ဂျီနဲ့ တင်ထားတဲ့ စာတွေဆိုရင်လည်း ဇော်ဂျီဖောင့် ပုံစံနဲ့ ပြမှာပါ။ ဒါကြောင့်မလို့ သုံးစွဲသူတွေဘက်က ယူနီကုဒ်လား ဇော်ဂျီလားဆိုတာကို ကွဲကွဲပြားပြား သိနိုင်ပါပြီ။ ပြုလုပ်ရမယ့် နည်းလမ်းက အရမ်းလည်း လွယ်ကူပါတယ်။ အောက်မှ ာ တစ်ဆင့်ချင်း ~ပုံနှင့်တကွ~ ဖော်ပြပေးလိုက်ပါတယ်။ အတူတူ စမ်းသပ်ကြည့်ရအောင်ပါ။
အဆင့် (၁)
မိမိစက်ထဲမှာ ယူနီကုဒ်ဖြစ်ဖြစ် ဇော်ဂျီ ဖြစ်ဖြစ် တစ်ခုခုရှိနေမယ် ဒါမှမဟုတ် နှစ်ခုလုံး ရှိနေမယ်ဆိုရင်လည်း ရပါတယ်။ တစ်ခုမှမရှိဘူး ဆိုရင်လည်း ရပါတယ်။ အရင်ဆုံး chrome browser ကိုဖွင့်ပါ။ ညာဘက် ထောင့်နားက လူပုံစံလေးကိုနှိပ်ပါ။
အဆင့် (၂)
Manage People ကိုနှိပ်ပါ။Add Person ကိုနှိပ်ပါ။ကိုယ်ကြိုက်တဲ့နာမည်ပေးလည်းရသလို ဒီအတိုင်းထားလည်းရပါတယ်။Save ကိုနှိပ်ပါ။
အဆင့် (၃)
ဒါဆိုရင် Chrome Browser အသစ်တစ်ခု ရလာပါလိမ့်မယ်။ အဲ့ Browser မှာ Facebook အကောင့်ဝင်လိုက်ပါ။ အဲ့မှာ ယူနီကုဒ်နဲ့တင်တဲ့စာတွေက မှန်ပါလိမ့်မယ်။ ဇော်ဂျီနဲ့ တင်တဲ့စာ တွေတော့ ဖတ်လို့ရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် Windows 8,8.1 နဲ့ 10 တို့မှာ ယူနီကုဒ်ဖောင့် ပါပြီးသား ဖြစ်နေတဲ့အတွတ် ကြောင့်ပါ။
အဆင့် (၄)
Chrome Browser ရဲ့ညာဘက်ထောင့်နားက အစက်၃စက်ကိုနှိပ်ပါ။More Tools ကိုရွေးပါ။Extensions ကိုနှိပ်ပါ။
အဆင့် (၅)
Extensions ဘေးနားက အချောင်းသုံးချောင်းခြစ်လေးကို နှိပ်လိုက်ပါ။အောက်ဆုံးမှာ Open Chrome Web store ကိုနှိပ်ပါ။Search box မှာ zawgyi လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
အဆင့် (၆)
အပေါ်ဆုံးမှာ Zawgyi Font Tagger ကိုတွေ့ပါလိမ့်မယ်။ သူ့ဘေးနားက Add To Chrome ကိုနှိပ်ပါ။
အဆင့် (၇)
ခဏစောင့်ပြီးရင် Add extension ဆိုတဲ့စာပေါ်လာပါမယ်။အဲ့ဒါကိုနှိပ်လိုက်ပါ။ပြီးရင် Chrome Browser ရဲ့ဘားတန်းမှာ Z ဆိုတဲ့လေးထောင့်တုံးလေး ပေါ်လာပါလိမ့်မယ်။
အဆင့် (၈)
ပြီးရင်ခုနက Facebook စာမျက်နှာကို refresh ပြန်လုပ်ကြည့်ပါ။ဇော်ဂျီစာတွေအားလုံး ဇော်ဂျီဖောင့်ပုံစံနဲ့ မြင်ရပါလိမ့်မယ်။ယူနီကုဒ်စာတွေကိုတော့ ယူနီကုဒ်ဖောင့်ပုံစံနဲ့ မြင်ရပါလိမ့်မယ်။
ဒီနည်းလမ်းကဇော်ဂျီရော ယူနီကုဒ် ပါဖတ်လို့ ရချင်တဲ့သူတွေ အားလုံးအတွတ် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာစာ ယူနီကုဒ်အတွတ် သိရှိလိုတာများ ရှိရင်လည်း ဖုန်းနံပါတ် -၀၉ ၄၅၅၇၃၆၉၉၉ သို့ဆက်သွယ်နိုင်သလို Facebook ကနေ ဆက်သွယ်ချင်တယ်ဆိုရင်လည်းUnicode Technical Support Myanmar ဆိုတဲ့ လင့်ကနေ ဝင်ရောက် ဆက်သွယ်နိုင်ပါတယ်။ Gmail ကနေဆက်သွယ်ချင်ရင်တော့ unicodetoday@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။