Myanmar3, Pyidaungsu-1.x စတဲ့ဖောင့်တွေ Office 1013, 2016 တို့မှာ အဆင်မပြေတော့တာ တွေ့ရပါတယ်။ ဒီဖောင့်တွေက Office 2010 အထိပဲ အလုပ်လုပ်ပါတယ်။ Office 1013, 2016 မှာသုံးမယ်ဆိုရင် “Myanmar Text” font, “Pyidaungsu-2.x.ttf” font ကသင့်တော်ပါတယ်။ ပြောင်းလဲသုံးစွဲဖို့အကြံပြုပါတယ်။ အကယ်၍ မလွဲမသွေ ဆက်သုံးရမယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းလေးကို ပြုလုပ်ပြီးသုံးစွဲနိုင်ပါတယ်။

ပြုလုပ်နည်း –

  1. Control + D နှိပ်ပါ။
  2. Font Dialog box ပွင့်လာပါမည်။
  3. Advanced tab ကိုရွေးပါ။
  4. “Use Contextual Alternates,” ကိုအမှန်ချက်ပေးပါ။
  5. ထိုနောက် Ligatures to ကို  “All,” ဟုထားပေးပါ။ OK နှိပ်ပါ။

word myanmar3 issues