Windows 7 တွင် Browser, File, Folder များကို Unicode Font အမှန် မြင်အောင် ပြုလုပ်ခြင်း
မိမိရဲ့ကွန်ပျူတာမှာ ဇော်ဂျီလည်း မရှိတော့ဘူး၊ ယူနီကုဒ်ဖောင့်လည်း သွင်းထားတယ်၊ ဒါပေမယ့် browser တွေနဲ့ မိမိကွန်ပျူတာ ထဲမ ှာရှိတဲ့ file တွေ folder တွေမှာ စာအမှန်နဲ့ မမြင်ရသေးဘူး ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းလေးတွေနဲ့ စမ်းသပ်လုပ်ဆောင်ကြည့်ပါ။
Firefox browser မှာ စာတွေ လေးထောင့်တုံး တွေ ဖြစ်နေပြီဆိုပါစို့။
- Firefox browser ရဲ့ညာဘက်အစွန်ဆုံးကမျဥ်းကြောင်းသုံးကြောင်းပုံလေးနဲ့ကို click တစ်ချက်နိုပ်ပါ။
- icon ပုံလေးတွေ အများကြီးထဲက မှစက်သွားပုံလေးနဲ့ Options ကို left click တစ်ချက်နိုပ်ပါ။ ပြီးလျှင် Content ကို click တစ်ချက်နိုပ်ပါ။ Default font တွင် Pyidaungsu ကိုရွေးပေးပါ။
- ပြီးရင်မိမိဖွင့်ထားတဲ့ browser tab ကို refresh ပြန်လုပ်ပါ။ Unicode ဖြင့် ရေးထားသော စာများကို အမှန်အတိုင်း တွေ့မြင်ရမည်ဖြစ်မည်။
Unicode ဖြင့်ရေးသားထားသော စာများကိုသာ ဖတ်ရပြီး ဇော်ဂျီဖြင့် ရေးသားထားသော စာများကို ဖတ်မရ ဖြစ်နေပါက အောက်ဖော်ပြပါ နည်းလမ်း အတိုင်း လုပ်ဆောင်ကြည့်ပါ။
- Firefox browser ရဲ့ ညာဘက် အစွန်ဆုံးက မျဥ်း သုံးကြောင်းပုံလေးနဲ့ကို click တစ်ချက်နိုပ်ပါ။
- icon ပုံလေးတွေနဲ့ ပေါ်လာတဲ့အထဲမှ Add-ons ဆိုတာလေးကို click တစ်ချက်နိုပ်ပါ။ Extension ကိုနှိပ်ပါ။ ပြီးလျှင် search bar မှာ mua ဟုရိုက်ထည့်ပါ။
- ပြီးလျှင် enter ခေါက်ပါ။ MUA Web Unicode Converter ကိုတွေ့ရပီ ဆိုရင် install ကိုနှိပ်ပါ။
- Firefox browser ရဲ့ toolbar နေရာမှာ icon ပုံလေးနဲ့ on ဆိုတဲ့စာလေး ပေါ်လာရင် browser ကို refresh လုပ်လိုက်ပါ။ ဇော်ဂျီဖြင့် ရေးသားထားသည့် စာများကိုလည်း မှန်ကန်စွာ ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။
အထက်ပါ နည်းလမ်း အပြင် အောက်တွင်ပ ေးထားသောလင့်ကို Firefox browser တွင်ဖွင့်၍ Add to Firefox ကိုနှိပ်လိုက်ပါ။ ပြီးလျှင် browser ကို refresh လုပ်လိုက်ပါ။ ဇော်ဂျီဖြင့်ရ ေးသားထားသည့် စာများကိုလည် းမှန်ကန်စွာ ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။
MUA Web Unicode Converter for Firefox browser ရယူရန်နှိပ်ပါ
အကယ်၍မိမိက Chrome browser သုံးစွဲနေပါက အောက်တွင် ပေးထားသော လင့်ကို Chrome browser တွင်ဖွင့်၍ ADD TO CHROME ကိုနှိပ်လိုက်ပါ။ ပြီးလျှင် browser ကို refresh လုပ်လိုက်ပါ။ ဇော်ဂျီဖြင့် ရေးသားထားသည့် စာများကိုလည်း မှန်ကန်စွာ ဖတ်ရှုနိုင်ပြီဖြစ်ပါသည်။
MUA Web Unicode Converter for Chrome browser ရယူရန်နှိပ်ပါ
မိမိကွန်ပျူတာ Windows 7 မှာ မြန်မာစာ ပေါ်ရာတွင် ယူနီကုဒ် မှန်ကန်စွာ ပေါ်အောင် အောက်ပါအတိုင်း လုပ်ဆောင်ပေးပါ။
Windows 7 ရဲ့ Desktop ပေါ်မှာ right click တစ်ချက်နှိပ် Personalize » Window color » Window color and appearance » အဲ့ထဲက Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
Selected Items ,
ToolTip
တွေကို Font ဆိုတဲ့ Box မှာ အကုန် unicode font (Pyidaungsu) ဟုပြောင်းပေးလိုက်ပါ။အဲ့ဒါဆိုရင်တော့မိမိရဲ့ကွန်ပျူတာမှာယူနီကုဒ်နဲ့စာတွေကိုအမှန်အတိုင်းမြင်နိုင်ရေးနိုင်ဖတ်နိုင်ပါပြီ။