Android ဖုန်းတွေမှာ မြန်မာယူနီကုဒ်လက်ကွက်ဖြင့် ရေးသားနိုင်သော keybboard အမြောက်အများရှိပါတယ်။ဒီထဲမှာမှ အသုံးများတဲ့ Gboard keyboard နဲ့ tt keyboard တို့ကိုအသုံးပြုပြီး စာရေးသားပုံတို့ကို ရှင်းပြပေးသွားမှာလည်း ဖြစ်ပါတယ်။အရင်ဆုံး Gboard keyboard လင့်ကို အောက်တွင် ဒေါင်းယူလိုက်ပါ။Gboard keyboard ကိုတော့ andriod version အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Gboard – Google Keyboard ရယူရန် PlayStore OR apkPure

  1. ဒေါင်းလို့ရလာတဲ့ Gboard keyboard ကိုနှိပ်ပါ။
  2. Enable setting ကိုနှိပ်ပြီး Language and input setting ထဲက Gboard ကိုဖွင့်ပါ။
  3. Select inputmethod မှာ Gboard ဆိုတာကိုရွေးပါ။
  4. ပြီးရင် languages ထဲက searchbox မှာ burmese လို့ရိုက်ပြီးပေါ်လာတဲ့ burmese ကိုနှိပ်ပါ။ 5. ပြီးရင် Add ကိုနှိပ်ပါ။ ဒါဆို keyboard ကိုစတင်အသုံးပြုလို့ရပါပြီ။

gboard 1 gboard 2

စာလုံးဆင့်ကို အဝါ‌ရောင်ပြထား‌သော ခလုတ်ဖြင့်ရိုက်ပါတယ်

မေ ‌ေ‌ မ
မြေ ‌ေ‌ မ ြ
ကျောင်း ေ က ျ ာ င ် း
လိမ္မော် လ ိ မ ္ ‌ေ မ ာ ်
အင်္ဂါ အ င ် ္ ဂ ါ
ဥက္ကဋ္ဌ ဥ က ္ က ဋ ္ ဌ
ဣန္ဒြေ ဣ န ္  ေ ဒ ြ


ttKeyboard ရယူရန် PlayStore OR apkPure

  1. Get started ကိုနှိပ်ပါ။
  2. Enable in setting ကိုနှိပ်ပါ။
  3. Language and input setting ထဲက TTKeyboard ကိုဖွင့်ပါ။
  4. Switch input methods ကိုနှိပ်ပါ။
  5. TTKeyboard ကိုရွေးပါ။
  6. Configure additional settings ကိုနှိပ်ပြီး Myanmar(Myansan) ဆိုတာကိုအမှန်ခြစ်ပေးပါ။ Myanmar (Zawgyi) ကိုတော့အမှန်ခြစ်ဖြုတ်ပေးပါ။
  7. Finished ကိုနှိပ်ပါ။ ဒါဆို keyboard ကိုစတင် အသုံးပြုလို့ရပါပြီ။

ttkeyboard 1 ttkeyboard 2

tt keyboardမှာလည်း သဝေထိုးကို အရင်ရိုက်ရပါတယ်။ Emojiလေးတွေလည်း အစုံပါဝင်ပါတယ်။tt keyboard မှာလက်ကွက်(၅)မျိုး ပါဝင်ပါတယ်။ ၎င်းတို့က
• English (UK)
• English (US)
• ZawGyi (with Smart ZawGyi)
• MyanSan
• UniZG (Unicode keyboard but can type just like ZawGyi) တို့ပဲဖြစ်ပါတယ်။
အောက်မှာ စာရိုက်နည်းတစ်ချို့ကို ဗွီဒီယိုနမူနာဖိုင်ဖြင့် ပြသထားပါတယ်။

စာလုံးဆင့်ကို အဝါ‌ရောင်ပြထား‌သော ခလုတ်ဖြင့်ရိုက်ပါတယ်

ဂုဏဝုဍ္ဎိ ဂ ု ဏ ဝ ု ဍ ္ ဎ ိ သဏ္ဌာန် သ ဏ ္ ဌ ာ န ် ဘဏ္ဍာ ဘ ဏ ္ ဍ ာ
ပုဏ္ဏေးမ ပ ု ေ ဏ ္ ဏ း မ