မြန်မာစာပါပြီးသား (မြန်မာယူနီကုဒ်စနစ်) ဖုန်းတစ်လုံးကို ပြောင်းလဲသုံးစွဲသူ တစ်ယောက်အနေဖြင့် ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ အရင်ဖုန်းအဟောင်းက ဖုန်းခေါ်တဲ့ လူနာမည် လိပ်စာတွေ ကို ဖုန်းအသစ်ထဲ ပြောင်းထည့်လိုက်တဲ့အခါ ဖတ်ရှုလို့မရတဲ့ အနေအထား မျိုးဖြစ်ပေါ်နိုင်ပါတယ်။ ( ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ စာသားကို ယူနီကုဒ်ဖောင့်ဖြင့် ဖတ်မရတဲ့ အခက်အခဲပါ)

ဒီတော့ ဇော်ဂျီဖောင့် ကနေ ယူနီကုဒ် format ဖြစ်အောင် ပြောင်းပေးလို့ရပါတယ်။ အစအဆုံး ပြန်ပြင်ရိုက်နေရရင်တော့ များရင်များသလောက် ကြာနိုင်ပါတယ်။ ဒါကြောင့် လွယ်ကူ မြန်ဆန်မယ့် နည်းတစ်ခုကို ဖေါ်ပြပေးချင်ပါတယ်။ လိုအပ်ချက်တွေက –

  1. ဂူးဂဲ contact သုံးဖို့ အင်တာနက် ရှိရပါမယ်။
  2. ဇော်ဂျီ မှ ယူနီကုဒ်ပြောင်းဖို့ converter လိုပါတယ်။
  3. .vcf ဖိုင် (မိမိဖုန်းထဲက လိပ်စာ အဆက်အသွယ်တွေကို Export ထုတ်ထားပါ။ ဖိုင်နာမည်က .vcf နဲ့ဆုံးပါတယ်။ ဥပမာ- my_Contacts.vcf ဆိုပါတော့)
    • အဲဒါတွေ အသင့်ဖြစ်ပြီဆိုရင်
      • (၁) Browser ကိုဖွင့်ပြီး https://www.google.com/contacts/u/0/?cplus=0#contacts သို့ဝင်လိုက်ပါ။
      • (၂) ဘယ်ဖက် menu မှ Import Contacts… ကိုရွေးနှိပ်လိုက်ပါ။
      • (၃) pop-up ပေါ်လာမည်။ [Choose File] button နှိပ်ပြီး my_Contacts.vcf ဖိုင်ကိုရွေးပေးပါ။ ပြီးလျင် Import ကိုဆက်နှိပ်လျင် မိမိ၏ အဆက်အသွယ် လိပ်စာများ Google ထဲသို့ဝင်ရောက်သွားပါလိပ်မည်။
      • (၄) မိမိပြောင်းလဲလိုသော အဆက်အသွယ် များကို check box တွင် အမှန်ချက်ပေး၍ ရွေးချယ်ပေးပါ။ အစဉ်အတိုင်းရှိသော အဆက်အသွယ်များကို Shift key ဖြင့်တွဲ နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။ ပြီးလျင် –
      • (၅) အပေါ်ဖက်မှ More drop down menu ကိုနှိပ်ချပါပြီး Export… ကိုနှိပ်ပါက pop-up တစ်ခုပေါ်လာပါမည်။ Which export format? ၏အောက်ဆုံးမှ (o) vCard format (for importing.. စသည်) Option ကိုရွေး၍ Export နှိပ်လိုက်ပါ။ contact.vcf file ဖြင့် download ကျလာပါမည်။
      • (၆) contacts.vcf ဖိုင်ကို Text Editor ဖြင့် ဖွင့်ပြီး စာသားအားလုံးကို Select All > Copy ယူထားပါ။
      • (၇) http://www.mcf.org.mm/myanmar-unicode-converter/ ကို Browser မှဝင်လိုက်ပါ။
      • (၈) contacts.vcf ဖိုင်မှ Copy ကို On Line Converter တွင် Paste ချကာ [Convert to Unicode format] နှိပ်လိုက်ပါက Unicode စနစ်အဖြစ်သို့ ပြောင်းလဲပေးပါလိမ့်မည်။ ၎င်းကို Copy ယူထားလိုက်ပါ။
      • (၉) contacts.vcf ဖိုင်မှ မူလစာသားအားလုံးကို ဖျက်ပစ်ပြီး ခုနက Convert လုပ်ပြီးသားကို Copy ယူထားတာကို Paste ချပြီး ဖိုင်ကို Save ပေးခြင်းဖြင့် ယူနီကုဒ် စနစ် contacts.vcf ဖိုင်ကိုရရှိပါမည်။
      • (၁၀) ၎င်းဖိုင်ကို မိမိ ဖုန်းအသစ်တွင် ပြန်သွင်းပေးလို့ရပါပြီ။ အလုပ်နဲနဲ ရှုပ်ပေမယ့် လွယ်ကူပါတယ်။ ယူနီကုဒ် စနစ်ဖြင့် အဆင်ပြေကြပါစေ။

        google contact