မြန်မာစာယူနီကုဒ်စနစ်ကို သုံးစွဲသူများအဆင်ပြေပြေ အသုံးပြုနိုင်ရေးအတွတ် software တွေ application တွေ add-ons တွေကို ထုတ်လုပ်ပေးထားပါတယ်။ယခုလတ်တလောတွင်လည်း PK Converter (for PC) ကိုပြုလုပ်ပေးထားတဲ့ Phyoe Kyaw မှ Android အတွတ် PK Converter နဲ့ PK SMS  application နှစ်မျိုးကိုထပ်မံပြုလုပ်လိုက်ပါပြီ။ PK Converter ကတော့ယူနီကုတ်နှင့် ဇော်ဂျီကို အပြန်အလှန် ပြောင်းလဲပေးနိုင်တဲ့ application လေးဖြစ်ပါတယ်။ PK SMS ကတော့ဖုန်းတွေမှာ မူရင်းပါးပြီးသား SMS application လိုစာတွေကို ယူနီကုဒ်ဖြင့်လည်းကောင်း ဇော်ဂျီဖြင့်လည်းကောင်း မိမိ စိတ်တိုင်းကျ ပို့နိုင်အောင်လုပ်ဆောင်ပေးမယ့် application လေးဖြစ်ပါတယ်။ Google Playstore မှလင့်များဖြင့် ချိတ်ဆက်ပေးထားသောကြောင့် up to date version ရရှိမှာဖြစ်ပါတယ်။

PK Converter

PK Converter Download ရယူရန်

မြန်မာနိုင်ငံ၏ ယူနီကုတ် ပြောင်းလဲ သုံးစွဲရေး လုပ်ငန်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်၍ အင်တာနက်ပေါ်ရှိ ဇော်ဂျီစာများကို ယူနီကုတ် အသုံးပြုသူများ လွယ်လင့်တကူ ကြည့်ရှုနိုင်ရန် အားဖြည့် ကူညီထားပါသည်။

ရရှိနိုင်သော လုပ်ဆောင်ချက်များ

  • ကူးယူထားသော မည်သည့် စာကို မဆို ယူနီကုတ် စနစ်ဖြင့် (သို့) စံမညီသော ဇော်ဂျီဖောင့်ဖြင့် ကြည့်ရှုနိုင်သည်။
  • မိမိ ရိုက်ထားသော စာကို ပုံအဖြစ်သို့လည်း အလိုအလျောက် ပြောင်းလဲ ပေးနိုင်သည်။
  • မိမိ ရိုက်ထားသည့် စာ (သို့) ကူးယူထားသည့် စာကို ယူနီကုတ်နှင့် ဇော်ဂျီ နှစ်မျိုးစလုံး တွဲပြလိုက ပြနိုင်သည်။
  • ထိုအပြင် စာ၏ ခေါင်းစဉ်ကိုလည်း စိတ်ကြိုက် ပြောင်းလဲနိုင်သည်။
    ဥပမာ
    စံမဟုတ်သော ဇော်ဂျီစာ
    စံမဟုတ်သော ဇော်ဂျီစာ
    ဟူသော ခေါင်းစဉ်ကို စိတ်တိုင်းကျ ပြောင်းနိုင်သည်။
    Android 6+ များတွင်သာ ရနိုင်သော လုပ်ဆောင်ချက်များ
  • Floating bubble အသုံးပြုလိုက Setting မှာ သွားရောက် ပြင်ဆင်နိုင်သည်။ Floating bubble ခွင့်ပြုထားလျှင် ကော်ပီ ကူးယူတိုင်း window တက်မလာတော့ဘဲ စခရင် မျက်နှာပြင် အနားတစ်ဖက်တွင် app icon သာ ပေါ်ထွက်လာမည်။ မိမိ ကြည့်ရှုလိုပါမှ ထို icon ကို ဖိနှိပ်လိုက်ပါ။ ထိုကြောင့် မလိုအပ်ဘဲ window များ တက်၍ နှောင့်ယှက်ခံရခြင်းမှ ကင်းဝေးနိုင်သည်။
  • app ကို ဖွင့်နေစရာ မလိုဘဲ မိမိ ပြောင်းလိုသော စာကို တိုက်ရိုက် ပြောင်းနိုင်ခြင်း။

PK SMS

PK SMS Download ရယူရန်

မြန်မာနိုင်ငံအတွက် သီးသန့် ရေးသားထားပါသည်။ ယူနီကုတ် အသုံးပြုသူနှင့် ဇော်ဂျီ အသုံးပြုသူတို့ အကြား ဖြစ်ပေါ်နေသော အခက်အခဲများ ကျော်လွှားနိုင်ရန် ရည်ရွယ်ပါသည်။ သင်သည် ယူနီကုတ် သုံးသည်ဖြစ်စေ ဇော်ဂျီ သုံးသည်ဖြစ်စေ သင်၏ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုး မိဘများဆီသို့ ဤ app ကို အသုံးပြု၍ စာတို (SMS) ပို့နိုင်ပြီ ဖြစ်သည်။

ရရှိနိုင်သော လုပ်ဆောင်ချက်များ

  • ယူနီကုတ်၊ ဇော်ဂျီ မည်သူမဆို အသုံးပြုနိုင်သည်။
  • မိမိ ရိုက်ထားသော စာကို ယူနီဖြင့်လည်းကောင်း ဇော်ဂျီဖြင့်လည်းကောင်း မိမိ စိတ်တိုင်းကျ ပို့နိုင်သည်။
  • Sim နှစ်ကတ်ထိုး ဖုန်းများအတွက် အပြည့်အဝ ဝန်ဆောင်မှု ပေးထားသည်။
  • စာပို့စဉ်မှာပင် မိမိ ကြိုက်နှစ်သက်ရာ Sim 1 သို့ Sim 2 ဖြင့် ရွေးပြီး ပို့နိုင်သည်။ Default Sim ပြောင်းနေစရာ မလိုပေ။
  • စာတို ရေးသားစဉ် မိမိ ရေးထားသော စာအတိုအရှည်ကို လိုက်၍ စာတို တစ်စောင် ထွက်မည် သို့ နှစ်စောင် ထွက်မည် စသဖြင့် တွက်ချက် ပြထားမည်။
  • ဝင်စာတွင်လည်း မည်သည့် Sim နံပတ်သို့ ဝင်ကြောင်း သင်္ကေတဖြင့် ဖော်ပြပေးထားသည်။
  • မိမိ မကြိုက်သော စာများ မဝင်အောင် ပိတ်ဆို့နိုင်ခြင်း (Block) နှင့် အသိပေးခြင်း ပိတ် (Noti off) ထားနိုင်သည်။
  • ဝင်စာများ ထွက်စာများကို သီးခြားစီ ကြည့်ရှုနိုင်မည်။
  • မိမိ ပိတ်ဆို့ထားသော အဆက်အသွယ်များ၊ မိမိ ပိတ်ထားသော စာများကို ပြန်လည် ကြည့်ရှုနိုင်ပြီး ပြုပြင်မှုများ ပြုလုပ်နိုင်သည်။
  • မိမိ မကြိုက်သော (သို့) အသုံးမဝင်သော စာများ ဖျက်နိုင်ပြီး ဖျက်စာကဏ္ဍတွင် ပြန်လည် ကြည့်ရှုနိုင်သည်။ မတော် ဖျက်မိလျှင်လည်း ပြန်လည် ခေါ်ယူ (Restore) နိုင်သည်။
  • ကြိုက်နှစ်သက်ရာ စာတိုကို သူတပါးထံသို့ ထပ်ဆင့် လွှဲပို့ (Forward) နိုင်သည်။
    အထူးသတိပြုရန်မှာ Android 5.1+ အထက် ဖုန်းများသာ အသုံးပြုနိုင်မည် ဖြစ်သည်။

PK Dictionary beta

PK Dictionary Download ရယူရန်

ဒီ dictionary လေးကို Phyoe Kyaw ကဖန်တီးထားပြီးတော့ Wiktionary ထဲက ဒေတာ အကုန်ပါဝင်ပါတယ်။ဒါကြောင့် entry တစ်သိန်းကျော် ရှိပါတယ်။ဒေတာတွေ များလွန်းလို့ app စ ဖွင့်ခါစမှာ နည်းနည်းလေး ကြာပါမယ်။ Beta version သာဖြစ်သေးပြီး စမ်းသပ်သုံးစွဲ ရန်တင်ပေးလိုက်ပါတယ်။

Credit: Phyoe Kyaw