“ဆရာ အရင်ပတ်ကပြောတဲ့ နိုင်ငံကူးလက်မှတ်ထဲက သဒ္ဒဗေဒ’ စာတမ်းကို သမီးတို့ သိပ်စိတ်ဝင်စားနေပါပြီ ဆရာ”

“ဟုတ်ပါတယ်ဆရာ။

သိပ်သိချင်နေပါတယ်” “အဲဒီ နိုင်ငံကူးလက်မှတ်ကို ရေးထားတဲ့ မူရင်းစာက မြန်မာစာပေါ့။ မြန်မာလိုရေးတာပေါ့။ အဲဒီမြန်မာစာကိုပေါ်တူဂီဘာသာနဲ့ ဘာသာပြန်တဲ့ အခါမြန်မာမြို့ရွာနာမည်တွေ၊ လူနာမည်တွေကိုတော့ အသံလှယ်ရတာ ပေါ့”

“ဟုတ်ကဲ့ပါ”

“အသံလှယ်တယ်ဆိုတာ သိတယ်မဟုတ်လား၊ မြန်မာစာကို ဆီလိပ် လို အသံဖလှယ်မယ်ဆိုရင် ရန်ကုန်ကို Yangon၊ ရွှေတိဂုံကို Shwedagon။ ဦးသန့်ကို U Thant လို့ ဖလှယ်တာမျိုးပေါ့။ မူလ မြန်မာအသံထွက် အတိုင်း ထွက်အောင် အော်လိပ်အက္ခရာနဲ့ ဖလှယ်ထားတာလေ။ အဲဒီ အသံထွက်ဟာ မြန်မာတွေထွက်တဲ့ အသံထွက်အတိုင်းပဲလို့ နားလည် နိုင်တာပေါ့”

“ဟုတ်ကဲ့၊ နားလည်ပါတယ်ဆရာ”

“အဲဒီနိုင်ငံကူးလက်မှတ်မှာ နမည်တွေကို အင်္ဂလိပ်အက္ခရာနဲ့ အသံ ဖလှယ်ပြီး ရေးထားတာလေ။ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ ‘စစ်ကဲ’ ကို Chitke၊ “စာရေး’ ကို Chere လို့ အသံဖလှယ်တယ်။ “ဂုလံသတ္တာ’ ဆိုတဲ့ လူနာမည်ကို Gulam satlarလို့ အသံဖလှယ်တယ်။ “ သခင်’ ကို squem လို့ အသံဖလှယ်တယ်”

“ဪ..ဟုတ်ကဲ့ပါ”

“ ဒီတော့ ဘယ်လိုကောက်ချက်ချနိုင်သလဲဆိုရင် မြန်မာစာလုံး ‘’ ကို “Ch’ လို့ အသံထွက်တယ်။ မြန်မာစာလုံး “သ’ ကို ‘s’ လို့ အသံထွက် တယ်လို့ ကောက်ချက်ချနိုင်တာပေါ့”

“ဟုတ်ကဲ့”

“ဆရာကြီး ဦးဖေမောင်တင်က ပြောပါတယ်။ ကိုယ့်ဘာသာစကား မဟုတ်တဲ့ နိုင်ငံခြားဘာသာစကားရဲ့ အသံတစ်သံကို တိတိကျကျဖော်ပြဖို့ ခက်တာအမှန်ပါပဲတဲ့။ ပြီးတော့ ဒီအသံထွက်တွေဟာ အသံကို တိတိကျကျ မှတ်တမ်းတင်တဲ့ သဒ္ဒဗေဒ (Phonetics) အထောက်အထားမဟုတ်တဲ့ အတွက် အဲဒီလိုအသံထွက်လိမ့်မယ်လို့ အခိုင်အမာ မဆုံးဖြတ်နိုင်ပါဘူးတဲ့။ အဲဒီအသံဖလှယ်တဲ့ ပေါ်တူဂီက နေမကောင်းသူဖြစ်ချင် ဖြစ်နေမယ်။ ဒါမှမဟုတ် သူ့ကို ဒီသံတွေ ထွက်ပြတဲ့ မြန်မာမိတ်ဆွေတွေက အသံထွက်မကွဲပြားတာ၊ စကားသီတာတွေလည်း ဖြစ်နိုင်ပါတယ်တဲ့။ ပေါ်တူဂီဘာသာမှာ မရှိတဲ့အသံမျိုးဖြစ်နေရင်လည်း တိတိကျကျ အသံ ဖလှယ်ဖို့ ခက်မှာပါတဲ့။ ဆရာကြီးကဖြစ်နိုင်တဲ့ အားနည်းချက်တွေကို ထောင့်စေ့အောင် သွားပြတာလေ”

“ဟုတ်တယ်နော်ဆရာ” “

ဒီတော့ ဒီထောက်အထားနဲ့တင် မကျေနပ်သေးတာမို့ နောက်ထပ် အထောက်အထားတွေ ထပ်ပြတယ်။ အဲဒီနိုင်ငံကူးလက်မှတ်ထုတ်ပေးပြီး ၁၂ နှစ်အကြာ ၇၉၅ ခုနှစ်မှာပေါ့။ အဲဒီနှစ်မှာ ကာနယ်ဆိုင်း Col.Michail Symes ဆိုတဲ့ ပုဂ္ဂိုလ်က အင်းဝနေပြည်တော်ကို သံတမန်အဖြစ်လာတဲ့ သူ့အတွေ့အကြုံကို Account of an Embassy to the Kingdom of Ava ဆိုတဲ့ စာအုပ်တစ်အုပ်ရေးတယ်။ ဒီစာအုပ်ကို ပညာရှင်တွေ သိကြပါတယ်။ အဲဒီစာအုပ်မှာ နမည်တွေကို မှတ်တမ်းတင်ရာမှာ မြန်မာစကား ‘စ’ နဲ့ ‘သ’ အက္ခရာတွေကို အင်္ဂလိပ်အက္ခရာနဲ့ အသံလှယ်ထားတာတွေပါတယ်။ @wuက် ကို Chekey၊ စစ်ကိုင်းကို Chagaing စော်ဘွားကို Chobwa၊ ပုဆိုးကို Putcho0 လို့ ဖလှယ်တာတွေ့ရတယ်။ ဒီတော့ မိုက်ကယ်ဆိုင်းကလည်း စ ကို Ch လို့ ကြားကြောင်း သိရတာပေါ့”

“ဟုတ်ကဲ့ပါ”

“စစ်ကဲကို ပေါ်တူဂီလူမျိုးရော၊ မိုက်ကယ်ဆိုင်ရာ ch နဲ့ အသံဖလှယ် တာ ထင်ထင်ရှားရှားပဲလေ”

“ဟုတ်ပါတယ် ဆရာ”

“အဲဒီလိုပဲ ‘သ’ကို လှယ်ရာမှာတော့ သဲကို Cassay သံလွင်ကို Saloen သီရိကို seree ဆိုပြီး 5 နဲ့ ဖလှယ်တာတွေ့ရတယ်။ ဆရာကြီး ဦးဖေ မောင်တင်က ကာနယ်ဆိုင်ကို အင်္ဂလိပ်တစ်ယောက်က “သ’သံနဲ့ ‘စ’ သံမှားဆရာ အကြောင်းမရှိဘူး၊ ‘သ’ လို့ကြာရင် th လို့ ရေးဖို့သာရှိတယ်။ ‘စ’လို့ကြားလို့သာ s နဲ့ ရေးတာဖြစ်တယ်လို့ သုံးသပ်ပြထားတယ်။ ပြီးတော့ ကာနယ်ဆိုင်းရဲ့ စာအုပ်နိဒါန်းမှာ မြန်မာစကားလုံးတွေကို သူကြားတဲ့အသံအတိုင်း ရေး ဖို့ အထုတ်ထားကြောင်း ဖော်ပြထားတာမို့ သံသယဖြစ်စရာမရှိဘူးလို့ ကောက် ချက်ချထားတယ်”

“တော်တော်ခိုင်လုံနေတာပေါ့နော် ဆရာ”

“နောက်တစ်ခါ ၁၇၈၃ ခုနှစ်က ၁၈၀၈ ခုနှစ် ထိ မြန်မာနိုင်ငံမှာ ၂၅ နှစ် နေခဲ့တဲ့ ဘုန်းတော်ကြီး ဆင်ဂါမနာ Father Sengerma no ရေးတဲ့ History of Burmese Empire စာအုပ်မှာ သွားသည်’ ကို ‘Suz siသပိတ်ကို szbelti သိမ်ကို seins သုံးကို on လို့ အသံဖလှယ်ထားတယ်။’သ’က sသံ ထွက်တယ် ဆိုတာသေချာတာပေါ့။ စိတ်ဝင်စားစရာတစ်ခုက ‘စ’ရဲ့ အသံထွက်ကို ရှေ့မှာလို ch လို့ မပြဘဲ ts လို့ ပြထားတယ်တဲ့။ ဒါက ဘာကို ပြသလဲဆိုရင် ကျကနေ ကို ပြောင်းခါနီးစပ်ကူးမပ်ကူး သံထွက်တာကို ပြတယ်-တဲ့။ အဲဒီဆော်က မြန်မာတွေ အဲဒီလို အသံထွက်တဲ့အတိုင်း နာမည်တွေကို ရေတာဖြစ်ကြောင်း ဆရာကြီး ဦးဖေမောင်တင်က ကောက်ချက်ချတယ် ။

“ဟုတ်ကဲ့”

“မင်းတို့ နားရှုပ်သွားမှာစိုးလို့ သာဓကေတွေ အများကြီးမပြတော့ဘူး၊ နောက်မှ အေးအေးဆေးဆေးလေ့လာကြည့်ကြပေါ့။ ၁၈၂၇ခုနှစ်မှာ စနေဂရပ် Snodgrass နဲ့အခြားပုဂ္ဂိုလ်တစ်ဦးပေးတဲ့ Narrative of the Burmese war ဆိုတဲ့ မှတ်တမ်းနဲ့ Two Years in Ava ဆိုတဲ့ မှတ်တမ်းတွေမှာလည်း အဲဒီ အထောက်အထားတွေ တွေ့ရတယ်။ သံလွင်ကို saloen လို့ ရှေ့ပိုင်းမှာ အသံ ဖလှယ်သလို Thalueynလို့လည်း နောက်ပိုင်းမှာ အသံဖလှယ်တယ်။ ဒါတပြ သလဲဆိုတော့ ‘သ’ ကို မူလက လို့ အသံထွက်ရာကတဖြည်းဖြည်းအသံ ပြောင်လာပြီး နောက်ပိုင်းမှာ ခုအသံထွက်သလို th လို့ အသံထွက် လာပြီဆိုတာကို တွေ့ရတာပဲ”

“ဟုတ်ကဲ့ပါ”

“ရှေ့မှာ “ပုဆိုး’ ကို putchoo လို့ “ဆ’ ကို ch နဲ့ အသံလှယ်ပေမယ့် နောက်ပိုင်းကျတော့ pussohလို့ ‘ဆ’ ကို နဲ့ အသံဖလှယ်တာတွေ့ရတယ်။ ဒါက ဘာကိုပြသလဲဆိုရင် ‘ဆ’ ကို မူလက ch လို့ အသံထွက်ပြီးနောက်ပိုင်း ကျတော့ ဆော် သံထွက်သလို s လို့ အသံထွက်တယ်ဆိုတာ တွေ့ရ တာပေါ့”

“ဟုတ်ကဲ့ပါ”

“အဲဒီသာကေတွေကို ကြည့်ပြီး အသံပြောင်းပုံတစ်ခုကို တွေ့နိုင် သေးတယ်။ အဲဒါက ဘာလဲဆိုတော့ လျှာလိပ်သံနဲ့ ထွက်တဲ့ ‘ရ’ ကနေပြီး ခု ထွက်တဲ့ “ဃ’ ကိုပြောင်းတဲ့သာဓကပဲ” “ဆရာ ရခိုင်ဒေသမှာ အခုအထိ ရကို လိပ်သီနဲ့ ထွက်ပါတယ်” “ဟုတ်ပါတယ်။ “ရေ” ကို ရီ’ လို့ လျှလိပ်သံနဲ့ ထွက်တာမျိုးပေါ့။ ဒီအသံ က ရှေးကျတဲ့ လက္ခဏာပေါ့။ ရခိုင်တိုင်းရင်းသားတွေက ရှေးကျတဲ့ အသံ တွေ၊ သုံးအနှုန်းတွေ ထိန်းသိမ်းထားတဲ့ သာဓကပဲလေ”

“ဟုတ်ကဲ့ပါ”

“ခုနပြခဲ့တဲ့ သာကေတွေကို ကြည့်ရင် “ဘုရား’ ကို “Hparah’ လို့ လိပ်သံနဲ့ ဖလှယ်တယ်။ အဲဒီလိုပဲ ရွာကို ruz၊ ရုံးကို Room၊ တရားကို tara ၊ စာရေကို Chere ၊ သီရိကို seree၊ ရမည်းသင်းကို Ramethay mm ဆိုပြီး ရကို လျှာလိပ်သံနဲ့ ဖလှယ်တာတွေ တွေ့ရတယ်။ နောက်ပိုင်းကျ တော့ ‘ဃ’ သံပြောင်းသွားတာပေါ့ ။

“မှတ်သားစရာတွေ အများကြီးပါပဲ ဆရာ”

“ဆရာကြီး ဦးဖေမောင်တင်က အဲဒီသာကေတွေကို အထောက်အထား ပြုပြီး အဲဒီလိုသံ ပြောင်းတဲ့ကာလဟာ ၁၈ ရာစုမှာဖြစ်ကြောင်း ဖော်ပြ တယ်။ မြန်မာကားသမိုင်းလေ့လာရာမှာ အရေးကြီးတဲ့ အထောက်အထား တစ်ခုပေါ့ကွယ်။ တန်ဖိုးကြီးပါတယ်။ မြန်မာဘာသာစကားကို စနစ်တကျ လေ့လာနေကြတဲ့ ပြည်ပပညာရှင်တွေက ဆရာကြီး ဦးဖေမောင်တင်ရဲ့ အဲဒီစာတမ်းကို လေးလေးစားစား အကိုးအကားပြုပြီး မြန်မာစကားသံ ပြောင်းလဲပုံကို ဖော်ညွှန်းတယ်”

“ဟုတ်ကဲ့”

“ကဲ.. ဒီတော့ မြန်မာစကားသမိုင်းအတွက် စကားသံပိုင်းကို ဆွေးနွေး လာတာ ခုလောက်ဆိုရင် တော်တော်ကလေး ရေလည်လောက်ပါပြီး၊ စကား လုံးတွေ၊ ဝါကျတွေ၊ အနက်အဓိပ္ပာယ်တွေလည်း တစ်ခေတ်ကနေတစ်ခေတ် ဘယ်လိုပြောင်းလဲတယ်ဆိုတာ အရေးအသားကို အထောက်အထားပြု ပြီး ဆက်လေ့လာနိုင်တာပေါ့ကွယ် ။”

“ဟုတ်ကဲ့။ လေ့လာဖို့ လမ်းစကို ဆရညွှန်ပြလို့ ရပါပြီဆရာ။ အများ ကြီးကျေးဇူးတင်ပါတယ်”