Font Page တွင်ပေးထားသော One-Click installer တွင် Font + Keyman ၂ မျိုးစလုံးပါဝင်ပါတယ်။
အကယ်၍ ဖောင့်ကိုသာ ရယူလိုပါက “ဖောင့်” menu ကတဆင့် ရယူနိုင်ပါတယ်။
ထို့အတူ ဖောင့်ရှိပြီးသားဖြစ်၍ Keyman သာရယူလိုပါက “ကီးဘုတ်” menu မှတဆင့် ရယူနိုင်ပါတယ်။

(က) One-Click installer (သို့) Keyman ထည့်သွင်းနည်း

  1. Download ရယူထားသော exe ဖိုင်ကို ၂-ချက်နှိပ်ပါ။
  2. Install Keyman Desktop 11.0 ကိုနှိပ်ပြီးသွင်းရပါမယ်။

    Keyman1

  3. နောက်ဆုံးအဆင့်တွင် ဒီလိုပြပါလိမ့်မယ်၊ Start Keyman ကိုနှိပ်ပါ။

    Keyman2

  4. ဒါဆိုရင် Task bar ပေါ်မှာ Keyman ပုံမြင်တွေ့ရမှာဖြစ်ပါတယ်။

    Keyman3

(ခ) စတင်အသုံးပြုနည်း (Windows 10)

  1. Keybaord လက်ကွက်ကို Windows + Space နှိပ်ကြည့်ခြင်းဖြင့် Pyidaungsu MM လက်ကွက်ကို ပုံပါအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။

    Keyman4

  2. Pyidaungsu MM နှင် English လက်ကွက်ပြောင်းရန်

    • Windows + Space နှိပ်၍ ပြောင်းပေးနိုင်ပါတယ်။
      • မှတ်ချက်၊ လက်ကွက် ၂ မျိုးထက်ပိုရှိနေပါက Pyidaungsu MM အစိမ်းရောင်လက်ကွက်ကို ရရှိသည်အထိ Windows + Space နှိပ်ပေးရပါမယ်။
        Keyman11

(ဂ) On Screen လက်ကွက်ကြည့်ရန်

  1. Pyidaungsu MM ရွေးထားပြီး Task bar ပေါ်ရှိ Keyman ကို R+Click လုပ်ပါ။
    Keyman9

  2. On Screen Keyboard ကိုရွေးလျှင် လက်ကွက်ဇယား မြင်ရမည်ဖြစ်ပါတယ်
  3. Mouse Click နှိပ်ကာ အသုံးပြုနိုင်ပါတယ်။ မြန် EN ရွေးကာ အသုံးပြုနိုင်ပါတယ်။

(ဃ) စာရိုက်နည်းကြည့်ရန်

  1. Task bar ပေါ်ရှိ Pyidaungsu MM ကို R+Click လုပ်၍ ? Help ကိုရွေးပါ။
  2. Help on Pyidaungsu MM keyboard ကိုနှိပ်ပါက စာရိုက်နည်းများကို ပြသပေးပါလိမ့်မည်ဖြစ်ပါတယ်။