ယူနီကုဒ်ဖောင့်တွေကို ရိုက်တဲ့အခါမှာ မြန်မာ၃ဖောင့်အတွက် ဒီဇိုင်းလုပ်ထားတဲ့ ယူနီကုဒ် ကီးဘုတ်လက်ကွက်ဟာ မှတ်သားအရ အလွယ်ဆုံးနဲ့ အရှင်းဆုံး အကျုံ့ဆုံးဖြစ်တာကို သတိထားမိပါတယ်။ မြန်မာစာကို သင်ပုန်းကြီးအတိုင်း ရိုက်လို့ရအောင်လုပ်ပေးထားတဲ့ ဒီလက်ကွက်နဲ့ရိုက်ရင် စာရိုက်တဲ့အမြန်နှုန်း သိသိသာသာ တက်လာတာ သတိထားမိပါတယ်။ မလိုတော့တဲ့ ကီးအပိုတွေ ဖယ်ပြီး ကျုံ့အောင်လုပ်ပစ်လိုက်တဲ့အတွက် အရင့်အရင် လက်နှိပ်စက်၊ ဝင်း၊ ဇော်ဂျီလက်ကွက်တွေနဲ့ ကွဲသွားတာတွေ ရှိပါတယ်။ အဓိက ဝလုံး ယပက်လက် ဂငယ် နေရာတွေ ပြောင်းသွားတာပါ။ မြန်မာစာ စရိုက်တဲ့လူတွေအတွက် ဘယ်လက်ကွက်ထက်မဆို လွယ်ပါတယ်။ တခြားကီးဘုတ်က ပြောင်းတဲ့သူတွေအတွက် နည်းနည်းသတိထားပြီး တစ်ပတ်လောက် ကျင့်ယူလိုက်ရင် ကျွမ်းကျင်သွားမှာပါ။

အခုဒီမှာပြထားတဲ့ လက်ကွက်ပုံကို မြန်မာနိုင်ငံမှာ ဝီကီအရေးဆုံးလူဖြစ်တဲ့ ကိုမြတ်သွင်က မှတ်သားရလွယ်ကူအောင် ရည်ရွယ်ချက်နဲ့ ပြန်ဆွဲပေးထားပါတယ်။

mm3 layout

ဒီပုံကို ဘယ်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါတယ်။

Credit: LionSlayer