Windows 8,8.1တွေမှာမြန်မာယူနီကုဒ်စနစ်တွေဟာအလိုအလျောက်ပါလာပြီးသားဖြစ်ပါတယ်။

ယူနီကုဒ်ဖောင့်အနေနဲ့ Myanmar Text ဖောင့်ပါဝင်သလိုစာရိုက်ရန်အတွတ် Burmese Myanmar Keyboard ပါဝင်ပါတယ်။ Burmese Myanmar Keyboard လက်ကွက်ကတော့ Myanmar3 လက်ကွက်အတိုင်း ဖြစ်ပြီးစာရိုက်ရာတွင် သဝေထိုးကို နောက်မှရိုက်ရခြင်း၊ လုံးကြီးတင်ကို အရင်တင်ရခြင်း တို့ဖြင့် ရိုက်နှိပ်ရပါမယ်။ မိမိအနေနဲ့ Windows8,8.1 မှာမူရင်းပါလာတဲ့ ယူနီကုဒ်ဖောင့်ရယ် keboard ရယ်အသုံးပြုဖို့ဆိုလျှင် အောက်ပါနည်လမ်းအတိုင်း လုပ်ဆောင်ကြည့်ပါ။ နည်လမ်းအနေနဲ့ (၂)မျိုးရှိပါတယ်။ ကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

နည်းလမ်း(၁)

  • ဦးစွာ Control Panel ထဲဝင်ပါ။
  • Clock,Language and Region ခေါင်းစဥ်အောက်ရှိ Change input methods ထဲဝင်ပါ။

    win8-1

  • Add a Language ကိုနှိပ်ပါ။ ပြီးလျှင် search language တွင် burmese ဟုရိုက်ထည့်လိုက်ပါ။ မြန်မာစာ ဆိုပြီးလေးထောင့်ကွက် နဲ့ပေါ်လာပါမည်။ ထို မြန်မာစာလေးထောင့်ကွက် ကို ကလစ် တစ်ချက်နှိပ်ပြီး Add ကိုနှိပ်ပါ။

    win8-2

  • Windows taskbar တွင် ENG စာလုံးပေါ်သို့ ထောက်၍ ကလစ်တစ်ချက်နှိပ်ပါ။ ပုံပါအတိုင်း မြန်မာစာ လက်ကွက် နဲ့ အင်္ဂလိပ်စာ လက်ကွက် နှစ်မျိုး တွေ့မြင်ရမည် ဖြစ်သည်။ မိမိအနေဖြင့် လက်ကွက်နှစ်ခုကို အပြောင်းအလဲ စာရိုက်ရန်အတွတ် Windows key ကိုဖိထား ပြီး spacebar တစ်ချက်နှိပ်ပေးပါ။ (သို့မဟုတ်) Alt key ကိုဖိထားပြီး Shift key တစ်ချက်နှိပ်ပေးပါ။ ကိုယ်က အင်္ဂလိပ်လက်ကွက် သုံးနေ ရင် Windows taskbar တွင် ENG စာလုံးပေါ်နေမှာ ဖြစ်ပြီး မြန်မာလက်ကွက် သုံးနေရင် Windows taskbar တွင် မြန် စာလုံးပေါ်နေမှာ ဖြစ်ပါတယ်။

    win8-3

နည်းလမ်း(၂)

ဦးစွာ Windows key နဲ့ S key ကိုတွဲ၍နှိပ်ပါ။ Search windows ဆိုတဲ့အကွက်ကလေးပေါ်လာရင် keyboard ဟုရိုက်ထည့်ပါ။

Keyboard နှင့်ပတ်သတ်သည်မျာ းပေါ်လာပါမည်။ အဲ့ထဲကမှ Setting အောက်ရှိ Edit language and keyboard options ကိုကလစ်တစ်ချက်နှိပ်ပါ။

win8-4

Country or region အောက်တွင် Myanmar ကိုရွေးချယ်ပေးပါ။ Languages အောက်ရှိ Add a language ကိုကလစ်တစ်ချက် နှိပ်ပါ။ language များစွာ တွေ့မြင်ရမည်ဖြစ်ပြီး အဲ့ထဲကမှ မြန်မာစာ Burmese ကိုကလစ်တစ်ချက်နှိပ်ပါ။ အဲ့ဒါဆို မြန်မာယူနီကုဒ် စနစ်ကို စတင်အသုံးပြုနိုင်ပါပြီ။

Windows taskbar တွင် ENG စာလုံးပေါ်သို့ ထောက်၍ ကလစ်တစ်ချက် နှိပ်ပါ။ ပုံပါအတိုင်း မြန်မာစာ လက်ကွက် နဲ့ အင်္ဂလိပ်စာ လက်ကွက် နှစ်မျိုးတွေ့ မြင်ရမည်ဖြစ်သည်။ မိမိအနေဖြင့် လက်ကွက်နှစ်ခုကို အပြောင်းအလဲ စာရိုက်ရန်အတွတ် Windows key ကိုဖိထား ပြီး spacebar တစ်ချက်နှိပ်ပေးပါ။ (သို့မဟုတ်) Alt key ကိုဖိထားပြီး Shift key တစ်ချက်နှိပ်ပေးပါ။ ကိုယ်က အင်္ဂလိပ် လက်ကွက်သုံးနေ ရင် Windows taskbar တွင် ENG စာလုံးပေါ်နေမှာ ဖြစ်ပြီး မြန်မာ လက်ကွက် သုံးနေရင် Windows taskbar တွင် [မြန်] စာလုံးပေါ်နေမှာ ဖြစ်ပါတယ်။

win8-5