ယူနီကုဒ် ဖောင့်သွင်းနည်း
Windows ကွန်ပျူတာ
အသုံးပြုမည့် Software နှင့် သက်ဆိုင်သော Unicode Font ကို Home Page တွင်ရယူနိုင်ပါသည်။
- ဒေါင်းလုပ်ရယူထားသော ဖောင့်ဖိုင်ကို ညာကလစ်နှိပ်ပြီး ပေါ်လာသော pop up menu မှတဆင့် Install ကိုနှိပ်ပါ။

သို့မဟုတ်
- ဒေါင်းလုပ်ရယူထားသော ဖောင့်ဖိုင်ကို ၂ချက်နှိပ်၍ ပေါ်လာသော dialog မှတဆင့်
Installခလုတ်ကို နှိပ်လျှင် ဖောင့်သွင်းခြင်းပြီးမြောက်ပါသည်။

Apple (Mac) ကွန်ပျူတာ
- ဒေါင်းလုပ်ရယူထားသော ဖောင့်ဖိုင်ကို ၂ချက်နှိပ်လျှင် FontBook ဝင်းဒိုးပေါ်လာပါမည်။
- FontBook ၏အောက်ခြေရှိ
Install Fontကိုကလစ်နှိပ်ပါ။
