ယခုအခါ Pyidaungsu, Myanmar Census ဖောင့်များ နှင့်ပတ်သက်၍ ရှင်းလင်းစွာ သိမြင်နိုင်ရန် Version History ကို ရေးသားတင်ပြအပ်ပါသည်။ (ဇယားကွက်)

ပြည်ထောင်စုဖောင့် (Pyidaungsu font) ကို MCF NLP မှမူပိုင်ဖြစ်ပြီး OFL ဖောင့်လိုင်စင်ဖြင့် ဖြန့်ချိပါသည်။ စာလုံးဒီဇိုင်းကို Myanmars Net မှ CEO ဦးဇော်ထွဋ်က ဝင်းအင်းဝဖောင့် ကိုလှူဒါန်းပေးပါသောကြောင့် ဝင်းအင်းဝဖောင့်မှ စာလုံးကို ကူးယူပြီး ပြည်ထောင်စုဖောင့် အဖြစ်ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ယူနီကုဒ်ဖောင့် အဖြစ် ဆက်လက်ရေးသား ပြင်ဆင်သူ ဆန်းထွန်းဖြစ်ပါသည်။

အထောက်အပံ့ပြုထားသော ဘာသာများမှာ- ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင် စသည်တို့ဖြစ်သည်။

Windows, Mac, Linux စနစ်များတွင်ပါ သုံးစွဲနိုင်ပြီး
iOS အတွက် font profile နှင့် Android အတွက် လိုအပ်သော font apk ကိုသွင်းပေးခြင်းဖြင့် သုံးစွဲနိုင်ပါသည်။

ဖောင့်အမည် Version ဖြန်ချိရက်စွဲ မှတ်ချက်
Myanmar Census Beta1 8/8/2013  
Myanmar Census Beta3 25/2/2014  
Myanmar Census Beta4 21/3/2014  
Pyidaungsu 1 17/10/2014 Myanmar Census အား Pyidaungsu အမည်ဖြင့်ပြောင်းလဲ အစားထိုးခဲ့
Pyidaungsu 1.1 11/7/2014 Fix dotted circle bug
Pyidaungsu 1.2 15/12/2014 Fix Shan rendering issues
Pyidaungsu 1.3 27/4/2015 Fix Pao Tone mark bug
Pyidaungsu 1.5 5/6/2016 Change mym2 script tag

Pyidaungsu 1.3 ဖောင့်သည် Microsoft Office 2016 တွင် default အနေဖြင့် စာအမှန် မထွက်ပါ။ ပြင်ဆင်မှုအချို့ ပြုလုပ်ရပါသည်။ ( mymr script tag ဖြင့်ရေးထားခြင်းကြောင့်ဖြစ်သည် )

ထို့အတူ Windows 8, 8.1, 10 တွင် ပါဝင်လာသော “Myanmar Text” ဖောင့်သည် Windows7 အောက် တွင်သော်လည်းကောင်း၊ Microsoft Office 2016 အောက်ဗားရှင်းများတွင် သော်လည်းကောင်း အလုပ်မလုပ်ပါ။ အကြောင်းအရင်းမှာ “Myanmar Text” ဖောင့်သည် mym2 script tag ဖြင့်ပြောင်းလဲ ရေးဆွဲထားသော ကြောင့်ဖြစ်သည်။

Ref:

NOTE: The script tag for Myanmar script for use with the Myanmar shaping engine is mym2 and not mymr. The script tag mymr has limited support and should not be used. Myanmar Typography

Pyidaungsu ZawDecode Font

စနစ်ကူးပြောင်းရေးကာလတွင် သုံးစွဲသူများကို အဆင်ပြေစေရန် ရည်ရွယ်၍ ယူနီကုဒ်စနစ် အပြည့်အဝမှန်ကန်ပြီး ဇော်ဂျီ စာသားများပါ တတ်နိုင်သလောက် ဖတ်ရှုနိုင်သော အဆင့် ဖြစ်စေရန်အတွက် 30/8/2015 ရက်နေ့တွင် ထုတ်လုပ်ဖြန်ချိခဲ့ပါသည်။ ပြည်ထောင်စုဖောင့် လိုင်စင်အတိုင်း ဖြစ်ပါသည်။

Unicode Input ကီးလက်ကွက်ဖြင့် ပူးတွဲသုံးစွဲ ရန်ဖြစ်ပါသည်။