[Back to FAQs]

မေး - ဖုန်း‌တွေယူနီကုဒ်စနစ် ပြောင်းဖို့ ဘာတွေလိုအပ်သလဲ?

ယူနီကုဒ်ဖောင့် နှင့် ယူနီကုဒ် ကီးဘုတ် လက်ကွက် ( ၂ ) ခုသာလိုပါတယ် အခုချိန်ခါမှာ မည်သည့်ပစ္စည်းပဲဝယ်ဝယ် ယူနီကုဒ်ဖောင့်စနစ်ပါပြီးသားဖြစ်ပါတယ်။ အကယ်၍မရှိခဲ့ဘူးဆိုရင် ပြန်ထည့်သွင်းရပါမယ်။

မေး - ယူနီကုဒ်ဖောင့်ကိုဘယ်လို ထည့် ရမလဲ?

အောက်ဖော်ပြပါ နည်းလမ်းတခုခု ဖြင့် ဖောင့်သွင်းနိုင်ပါတယ်

  1. Setting » Display » Font တွင် မူလအတိုင်း Default ပြန်ထားပေးခြင်းဖြင့် ရနိုင်ပါတယ်။
  2. Theme Style တွင် Default Theme/ Default Font ပြန်ရွေးပေးခြင်းဖြင့် ရနိုင်ပါတယ်။
  3. Setting » Language & Input ကတဆင့် English(US) ဖြစ်စေ English(UK) ဖြစ်စေ ပြောင်းပေးခြင်းဖြင့် ရနိုင်ပါတယ်။
  4. Setting » Language & Input ကတဆင့် ဗမာ(Unicode), မြန်မာ(ယူနီကုဒ်) , English(Myanmar[Burma]) ကဲ့သို့ Language ကိုရွေးပေးခြင်းဖြင့် ရနိုင်ပါတယ်။
  5. Language ၂ မျိုး တပြိုင်တည်းရွေးချယ်ပေးနိုင်သော ဖုန်းများတွင် English ကိုပထမ၊ ဗမာ(ယူနီကုဒ်)ကို ဒုတိယ ထား၍အသုံးပြုနိုင်ပါတယ်။
  6. iFont apk များဖြင့်သွင်းပေးနိုင်ပါတယ်။
  7. ZawGyi font တမျိုးတည်းသာထည့်သွင်းထားသောဖုန်းများ Root access လုပ်ပြီးထည့်ပေးနိုင်ပါတယ်။

မေး - ဘယ်ကနေ Download ယူရမလဲ?

  1. Download များကို [PlayStore][https://play.google.com/] သို့မဟုတ်
  2. [apkPure][https://apkpure.com/] တွင်ရယူနိုင်ပါတယ်တယ်

မေး - ကီးဘုတ်လက်ကွက် ဘာတွေရှိလဲ

  1. Build-in Keyboard အချို့သော Device များ ယူနီကုဒ်လက်ကွက် တပါတည်းထည့်သွင်းပေးထားပါတယ်။
    • Setting » Language and Input » Keyboard ကတဆင့် ရွေးချယ်သုံးစွဲနိုင်ပါတယ်။
  2. Gboard Keyboard Google ထုတ်လုပ်တဲ့ လက်ကွက်အမျိုးအစား ဖြစ်ပါတယ်။ လက်ရေးဖြင့် သော်လည်းကောင်း၊ အသံဖြင့် သော်လည်းကောင်း စာရေးသားသောစနစ်ကို ထောက်ပံ့ပေးထားပါတယ်။
  3. Manic Keyboard လက်ကွက် အပြင် ရိုက်ပြီးသား ယူနီကုဒ်စာသားများ ကို ဇော်ဂျီစာသား ဖြစ်အောင် ပြောင်းပြီး ပေးပို့နိုင်သကဲ့သို့ ဖတ်မရသော စာသားများကို ကော်ပီလုပ်ရုံဖြင့် ဖတ်ရှုနိုင်ပါတယ်။
  4. ttKeyboard မွန်၊ ရှမ်း၊ ပအို့ဝ် ကဲ့သို့ အချို့တိုင်းရင်းသားလက်ကွက်များပါ ထည့်သွင်းပေးထားပါတယ်။
  5. Others Bagan Keyboard, Frozen Keyboard, MUA Keyboard, M Keyboard, K Keyboard

မေး - Unicode font နဲ့ Keyboard ကိုဘယ်လိုထည့်သွင်းရသလဲ?

နောက်ဆုံးထွက် Windows နှင့် Android တွေမှာ ထည့်သွင်းပေး စရာမလိုဘူး ရှိပြီသား။ IOS အတွက်တော့ မည်သည့် Unicode font profile မဆိုထည့်သွင်း နိုင်ပါတယ်။ ဥပမာ ပြည်ထောင်စုဖောင့် နှင့် tt Keyboard လက်ကွက်ထည့်ရပါမယ်။ အဟောင်းတွေအတွက်တော့ နည်းပညာ အကူအညီ လိုကောင်းလိုနိုင်ပါတယ်။

[Back to FAQs]