[Back to FAQs]

မေး - Windows ကွန်ပျူတာမှာ ဘယ်လိုသုံးရသလဲ?

Windows 8 ကစပြီး ဖောင့်နှင့် Keyboard လက်ကွက်ထည့်စရာလိုဘဲ သုံးလို့ရပါတယ်။ သင်ပုန်းကြီး သတ်ပုံအတိုင်းစာရိုက်ချင်ရင်တော့ Keyman သို့မဟုတ် Keymagic Keyboard software တခုခုထည့်သုံးရပါမယ်။ Windows 10 April Update မှာလည်း သင်ပုန်းကြီး သတ်ပုံအတိုင်း စာရိုက်နိုင်တဲ့ လက်ကွက်ပါဝင်လာပြီ ဖြစ်ပါတယ်။ မိမိနှစ်သက်ရာဖောင့်ကိုလည်း ထည့်သွင်းသုံးစွဲ နိုင်ပါတယ်။ Windows 7 သုံးစွဲသူအနေဖြင့် ဖောင့်နှင့် keyboard လက်ကွက်ထည့်ပေးဖို့ လိုပါတယ်။

မေး - ဘယ်ကီးဘုတ် လက်ကွက်ကိုသုံးစွဲရမလဲ? ဘယ်ဟာကစံလက်ကွက်ဖြစ်ပါလဲ?

ကီးဘုတ်လက်ကွက်ကို နိုင်ငံတကာစံ သတ်မှတ်ချက်တော့ မရှိသေးပါဘူး။ Myanmar3 လက်ကွက်ကိုတော့ Local စံတခုအဖြစ် သုံးစွဲ နေကြပြီဖြစ်ပြီး Microsoft မှထုတ်လုပ်လိုက်သော မြန်မာလက်ကွက်သည်လည်း Myanmar3 လက်ကွက်အတိုင်း ဖြစ်နေပြီဖြစ်သည်။

မေး - ဘယ်ဖောင့် ဘယ် Keyboard လက်ကွက်တွေ သုံးရမလဲ?

Smart Phone ဖြစ်ဖြစ်၊ PC ကွန်ပျူတာဖြစ်ဖြစ် မူလပါလာပြီးသား ဖောင့်နှင့်လက်ကွက်ကို အသုံးပြုနိုင်သလို၊ မိမိနှစ်သက်ရာ ကိုလည်း ထည့်သုံးနိုင်ပါတယ်။ ဥပမာ- Samsung, ASUS ဖုန်းတွေမှာ လက်ကွက်ပါပြီးသား ဖြစ်ပေမယ့် PlayStore က Google Gboard ကိုလည်း ထည့်သွင်းသုံးစွဲနိုင်ပါတယ်။

ကွန်ပျူတာတွေအတွက်လည်း မူလပါပြီးသား စနစ်များအပြင် Padauk Font, Pyidaungsu Font, Google Myanmar Font များကိုသုံးစွဲနိုင်သလို Keyman, Keymagic Keyboard လက်ကွက်များကိုလည်း သုံးစွဲနိုင်ပါတယ်။

မေး - ကွန်ပျူတာက Chrome, FireFox Browser တွေမှာ စာမမှန်ဘူး ဘယ်လိုလုပ်ရမလဲ?

Content font setting ကို ဇော်ဂျီတမျိုးတည်း သတ်မှတ်ထားလို့ဖြစ်ပါတယ်။ မူလ font setting (default)ပြန်ထားပေးပါက မှန်သွားပါလိမ့်မယ်။

မေး - ကွန်ပျူတာက Browser တွေမှာ ယူနီကုဒ်ရော ဇော်ဂျီပါ ၂မျိုးစလုံး အမှန်ပေါ်အောင် ဘယ်လိုလုပ်ရမလဲ?

Font tagger Extension သို့မဟုတ် MUA Extension တခုခု ထည့်ထားရင် ၂မျိုးစလုံး အမှန်မြင်ရနိုင်ပါတယ်။ Google က ရှာဖွေပြီး ထည့်သွင်းနိုင်ပါတယ်။

[Back to FAQs]