[Back to FAQs]

မေး - ယူနီကုဒ်ပြောင်းသုံးရင် ဘာတွေပိုကောင်းလာသလဲ?

  1. သင်ပုန်းကြီး ဆိုရိုးအတိုင်း စာစီစာရိုက်လုပ်နိုင်ခြင်း၊
  2. စာလုံးပေါင်း သတ်ပုံအမှားအယွင်း နည်းစေခြင်း၊
  3. စာလုံးဆင့် ရိုက်ရတာ လွယ်ကူသွားခြင်း၊
  4. Facebook တွင် စာလွဲမှားပေါ်လာခြင်းမှ အမှန်ဖြစ်လာခြင်း၊
  5. Facebook တွင် နိုင်ငံခြားဘာသာများကို ဘာသာပြန်၍ ကြည့်ရှုနိုင်ခြင်း၊
  6. Facebook နှင့် Messenger တို့တွင်ဇော်ဂျီစာကိုပါ အမှန်အတိုင်း မြင်ရခြင်း၊
  7. ဂူဂဲမြေပုံ တွင်စာအမှန်မြင်ရခြင်း၊
  8. ဂူဂဲဓာတ်ပုံဖြင့် ဓာတ်ပုံရိုက်ထားသောစာများကို ပြန်ရိုက်နှိပ်စရာမလိုဘဲ စာဖိုင်အဖြစ် သိမ်းထားနိုင်ခြင်း၊
  9. ဂူဂဲဓာတ်ပုံဖြင့် လိပ်စာကဒ်မှ ဖုန်းခေါ်လိပ်စာထဲသို့ အလိုလျောက် ထည့်သွင်းနိုင်ခြင်း၊
  10. ကွန်ပျူတာရော ဖုန်းထဲမှာပါ စာရိုက်စရာမလိုအောင် ဂူဂဲလက်ရေးဖြင့် ရေးသားနိုင်ခြင်း၊
  11. ဂူဂဲဘာသာပြန်စနစ်ဖြင့် ဘာသာအမျိုးမျိုး ပြန်ဆိုနိုင်ခြင်း၊
  12. Voice Tra စနစ်သုံး၍ ဘာသာအမျိုးမျိုးသို့ စကားပြောရုံဖြင့် ဘာသာပြန်ပေးနိုင်ခြင်း၊
  13. မော်ကား GPS စနစ်များတွင် မြန်မာစာ မှန်ကန်လာခြင်း၊
  14. ဖုန်းနှင့် ကွန်ပျူတာတို့တွင် မြန်မာစာစနစ် အသင့်ပါဝင်ပြီးဖြစ်သည့်အတွက် ထည့်ခိုင်းစရာမလိုခြင်း၊ ငွေကုန်သက်သာခြင်း၊
  15. ဖုန်းခေါ်လိပ်စာတွင် မြန်မာအမည်များအစီအစဉ်တကျရှိ၍ ရှာရလွယ်ကူခြင်း၊
  16. ဂူဂဲတွင်ရှာပါက စာမှန်လာခြင်း၊
  17. အစိုးရနှင့်ဆက်သွယ်ဆောင်ရွက်ရသော ရုံးလုပ်ငန်းများတွင် အဆင်ပြေလာခြင်း၊
  18. ဗဟုသုတပွားစေမည့် ဝီကီပီးဒီးယား ကိုဖတ်ရှုနိုင်ခြင်း၊
  19. Facebook တွင်အင်္ဂလိပ်လို ဖြစ်နေသည်များကို မြန်မာလိုဖြစ်အောင် လုပ်နိုင်ခြင်း။
  20. တိုင်းရင်းသား ဘာသာ စာပေများပါ သုံးစွဲနိုင်ခြင်း
  21. ဂူဂဲဘာသာပြန်စနစ်တွင် နိုင်ငံခြားဘာသာဖြင့်ရေးထားသော ဆိုင်းဘုတ်များ၊ စာအုပ်များ၊ အစားအသောက် ပါဆယ်ထုတ်များကို ဓာတ်ပုံရိုက်ပြီး မြန်မာဘာသာသို့ပြန်ဆိုနိုင်ခြင်း

[Back to FAQs]