မေး-ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ အရင်ကဇော်ဂျီဖောင့်၊ဝင်းဖောင့်၊မြန်မာ ၁ ဖောင့်တို့နဲ့ Word တို့ Excel တို့ကို စာရိုက်ခဲ့တယ်။အခုမြန်မာစာ ယူနီကုဒ်ဖောင့်ဖြစ်တဲ့ မြန်မာ ၃ ၊ပြည်ထောင်စု စတဲ့ ဖောင့်တွေနဲ့ ပြန်ပြီးပြောင်းချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။အစကနေ အဆုံးစာပြန်ရိုက်ဖို့ကလည်း အချိန်တွေပေးရမှာဆိုတော့ ကလစ်လေးတစ်ချက်နှိပ်ရုံနဲ့ ပြောင်းလို့မရဘူးလား???

ဖြေ-ရပါတယ်။ဒီ့အတွတ် NLP Converter ဆိုတဲ့ ဆော့ဝဲလ်လေးရှိပါတယ်။ဒီဆော့ဝဲလ်နဲ့ဆို အချိန်မကုန် လူမပင်ပန်း တော့ပါဘူး။ NLP Converter ကို အောက်ကလင့်မှာဒေါင်းယူလိုက်ပါ။

NLP Converter ဒေါင်းလုဒ်ရယူရန်

ထည့်သွင်းပုံ

  1. ဒေါင်းလို့ရလာတဲ့ msi ဖိုင်ကိုနှစ်ချက်နှိပ်ပြီး run လိုက်ပါ။
  2. Next ကိုပဲဆက်တိုက်နှိပ်သွားပါ။ ဘာမှပြောင်းလဲစရာမလိုပါဘူး။

အသုံးပြုပုံ

  1. ထည့်သွင်းပြီး‌သော NLP Converter ဆော့ဝဲလ် ကိုဖွင့်ပါ။
  2. Browse ခလုပ်မှတဆင့် မိမိပြောင်းလိုတဲ့ဖိုင်ကိုရွေးဖို့ Files of Type နေရာမှာ word ဖိုင်ပြောင်းချင်ရင် word ကိုရွေး၊ excel ပြောင်းချင်ရင် excel ကိုရွေးပါ။

    nlp converter 1

  3. ပြီးလျင်မိမိပြောင်းလိုသောဖိုင်ကို ‌ရွေးထည့်ပေးပါမယ်။ ‌ပြောင်းလိုသောဖိုင်ရွေးပြီးပါက အောက်မှာရှိတဲ့ Save As နေရာမှာ မြန်မာစာယူနီကုဒ် ပြောင်းလဲပြီးသားဖိုင်ကို { uni }ဆိုတဲ့စာလေးနဲ့ save ပေးပါလိမ့်မယ်။

    nlp converter 2

  4. ပြီးရင် Convert ကိုနှိပ်ပါ။ ခဏလေးစောင့်ပြီးသွားရင် မြန်မာစာယူနီကုဒ် ပြောင်းလဲပေးထားတဲ့ဖိုင် ပွင့်လာပါလိမ့်မယ်။ ဒါဆိုမြန်မာစာယူနီကုဒ် ပြောင်းလဲပြီးသား word ၊excel ဖိုင်တို့ကို အချိန်မကုန် လူမပင်ပန်းဘဲ ရပါပြီ။