Converter ကို install တင်တဲ့အချိန် Word, Excel ဖိုင်တွေကို ပိတ်ထားရပါမယ်။
Office 2007, 2010 အတွတ် Windows 7 တွင်အသုံးပြုရန်ပိုမိုသင့်တော်ပါတယ်။

Excel Plugin Converter Download

Word Plugin Converter Download

  1. ဒေါင်းလို့ရလာတဲ့ zip ဖိုင်နှစ်ခုကို ဖြည်လိုက်ပါ။Folder တစ်ခုစီ ထွက်လာပါလိမ့်မယ်။
  2. Folder ထဲမှာ ဖိုင်နှစ်ခု ပါဝင်ပါတယ်။အဲ့ထဲက msi (Windows installer package) ဖိုင်လေးကို ကလစ်နှစ်ချက် နှိပ်ပေးပါ။
  3. Box တစ်ခုပေါ်လာရင် Next ကိုပဲ ဆက်တိုက်နှိပ်သွားပါ။Install တင်နေတဲ့အချိန် ခေတ္တစောင့်ပေးပါ။
  4. Installation Complete ဖြစ်သွားရင် Close ကိုနှိပ်ပါ။ဒီနည်းအတိုင်း နောက်ထပ်ဖိုင်တစ်ခုက msi ဖိုင်လေးကို install တင်ပေးပါ။
  5. Word (ဒါမှမဟုတ်) excel ဖိုင်ဖွင့်လိုက်ပါ။ပုံမှာပြထားတဲ့အတိုင်း plugin converter လေးရောက်နေပါလိမ့်မယ်။

    word plugin 1

    excel plugin

  6. ဇော်ဂျီဖောင့်, ဝင်းဖောင့် တို့နဲ့ ရေးထားတဲ့ ဖိုင်တစ်ခုလုံးကို ပြောင်းချင်တယ်ဆိုရင် Convert Whole Text ကို နှိပ်လိုက်ပါ။ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့အပိုင်းကိုပဲ ယူနီကုဒ်ဖောင့် ပြောင်းချင်တယ်ဆိုရင် select ပေးပြီးတော့ Convert Selected Text ကို နှိပ်ပါ။ အဲ့အချိန် Box တစ်ခုကျလာပြီး ကိုယ်ရိုက်ထားတဲ့ဖောင့်က ဝင်းဖောင့်ဆို ဝင်းဖောင့် ဇော်ဂျီဖောင့်ဆို ဇော်ဂျီကို ရွေးပေးလိုက်ပါ။ ပြီးရင် convert ကိုနှိပ်လိုက်ပါ။

    word plugin 2

  7. Conversion process is finished ဆိုတာပေါ်လာရင် OK နှိပ်လိုက်ပါ။ ဒါဆိုယူနီကုဒ်ဖောင့် ပြောင်းလဲခြင်းပြီးဆုံးပါပြီ။