Myanmar2 ဖြင့်ရေးသားထားသည်များကို Myanmar 3 သို့ပြောင်းလဲပေးသည့် Converter တစ်ခုဖြစ်ပါသည်။Myanmar2 ဖောင့်ဖြင့် ရေးသားထားသော စာများ၊ ဖိုင်များ ကို Myanmar3 ဖောင့်ဖြင့် ပြောင်းလဲ ကြည့်ရှုရာတွင် အမှားအယွင်းများ ဖြစ်ပေါ် နေသည်များကို Myanmar3 ဖောင့် format ပုံစံအတိုင်း မှန်ကန်စေရန် ပြောင်းလဲပေးပါသည်။

မြန်မာ ၃ ဖောင့် အမှန်ပြင်ပေးသော software converter ဖြစ်ပါသည်။

Myanmar2 Correction Setup ရယူရန်

ထည့်သွင်းပုံ

  1. အရင်ဆုံး Myanmar2CorrectionSetup ဆိုတဲ့ဆော့ဝဲလ် ကိုနှစ်ချက်နှိပ်ပြီး run လိုက်ပါ။
  2. Next ကိုပဲဆက်တိုက်နှိပ်သွားပါ။ ဘာမှပြောင်းလဲစရာမလိုပါဘူး။

အသုံးပြုပုံ

  1. ထည့်သွင်းပြီး‌သော Myanmar2Correction ဆိုတဲ့ဆော့ဝဲလ် ကိုဖွင့်လိုက်ပါ။
  2. Browse ဆိုတာကိုနှိပ်ပြီးရင် အောက်ကပုံအတိုင်း File name ဘေးနားက ဖိုင်အမျိုးအစားမှာ ကိုယ်ပြောင်းချင်တဲ့ ဖိုင်အမျိုးအစားကို ရွေးချယ်ပေးရပါမယ်။ word ဖိုင်ပြောင်းချင်ရင် word ကိုရွေး၊ excel ပြောင်းချင်ရင် excel ကိုရွေးပါ။ myanmar2 correction 1
  3. ပြီးရင်ကိုယ်ပြောင်းချင်တဲ့ဖိုင်ရှိတဲ့ တည်နေရာကိုသွားပြီးရွေးရပါမယ်၊။
  4. ဖိုင်ကိုရွေးချယ်ပြီးတာနဲ့ Open ကိုနှိပ်ပါ။အောက်မှာရှိတဲ့ Save As နေရာမှာ မြန်မာ ၃ ပြောင်းလဲပြီးသားဖိုင်ကို ဘယ်နေရာမှာထားမယ်ဆိုတာ ရွေးချယ်လို့ရပါတယ်။မရွေးချယ်ချင်ရင်လည်း နဂိုမြန်မာ ၂ နဲ့ရေးထားတဲ့ဖိုင်ရှိတဲ့နေရာမှာပဲ မြန်မာ ၃ ပြောင်းလဲပီးသားဖိုင်ကို correct ဆိုတဲ့စာလေးနဲ့ သူ့ဘာသာသူ save ပေးပါလိမ့်မယ်။ myanmar2 correction 2
  5. ပြီးရင် Correct ကိုနှိပ်လိုက်ပါ။

ခဏလောက်စောင့်ပြီးတာနဲ့ Save As လုပ်ထားတဲ့ ဖိုင်နေရာမှာ မြင်ရပါလိမ့်မယ်။ မြန်မာ ၃ ပြောင်းလဲပြီးသားဖိုင်ကိုတွေ့ရပါလိမ့်မယ်။