ကွန်ပြူတာအတွက်ကတော့ Text Converter တင် မကဘဲ စုစုပေါင်း သုံးမျိုးပေါင်းပေးထားပါတယ်။

  1. Text Converter
  2. Filename Converter
  3. MP3 Tag Converter

    1. အတွက်ကတော့ ပြောဖို့ မလိုလောက်တော့ပါဘူး။ APK နဲ့ ခပ်ဆင်ဆင်ပါပဲ။ မပါတာဆိုလို့ Image ဖိုင် ပြောင်းတာပါပဲ။
    2. Folder လိုက် ရွေးပြီး Folder ထဲမှာ ပါသမျှ file တွေကော folder တွေကော Zawgyi ကနေ Unicode အဖြစ် အကုန် ပြောင်းခိုင်းလို့ ရပါတယ်။ Auto detect ကို On ထားရင် ဇော်ဂျီလို့ ယူဆရတဲ့ ဖိုင်တွေပဲ ပြောင်းပါလိမ့်မယ်။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန် ပြောင်းပေးနိုင်တာမို့ အဆင့် ဘယ်နှဆင့် ဆင်းမလဲ ဆိုပြီး Level ရွေးပေးလို့ ရပါတယ်။ Level 2 ရွေးထားရင် လက်ရှိ ရွေးထားတဲ့ folder ရယ်။ သူ့အထဲက folder နဲ့ file တွေကိုပဲ ပြောင်းပေးပြီး အတွင်းထဲက folder ထဲကို ဆက်မဝင်တော့ပါဘူး။ ရွေးထားတဲ့ folder ထဲမှာ ရှိသမျှ အကုန်ပြောင်းချင်ရင်တော့ Level 0 ရွေးပေးပါ။ နောက်ဆုံး ပြောင်းထားတဲ့ ဖိုင်မှန်သမျှကို Undo Redo လုပ်ခွင့် ပေးထားပါတယ်။
    3. MP3er ကတော့ MP3 ထဲမှာ ထည့်ထားတဲ့ tag တွေကို ZG to Uni ပြောင်းပေးဖို့ပါ။ Add folder နဲ့ ကိုယ့်ရဲ့ Music folder ကို ထည့်လိုက်ရင် ရှိသမျှ သီချင်းတွေ စာရင်းလုပ်ပြပါ့မယ်။ Mouse နဲ့ စိတ်ကြိုက်ရွေးပြီး Convert လုပ်ရုံပါပဲ။ တစ်ပုဒ်ချင်းစီကိုလည်း ကလစ်နှိပ်ပြီး Tag တွေ ဝင်ပြင်လို့ ရပါသေးတယ်။ သတိထားမိတဲ့ အားနည်းချက်ကတော့ ဒီ Program နဲ့ ပြင်ထားတဲ့ MP3 ဖိုင်တွေကို Window Media Player နဲ့ ဖွင့်ရင် Tag တွေ မပေါ်တော့ပါဘူး။ တခြား Player နဲ့ဆိုရင် အဆင်ပြေပါတယ်။

ဒီ Program တွေက Java နဲ့ ရေးထားတာမို့ နည်းနည်းလေး နှေးပါလိမ့်မယ်။ ကိုယ့်စက်ထဲမှာ Java ထည့်မထားရင်လည်း အဆင်ပြေအောင် စီစဉ်ပေးထားပါတယ်။ နှစ်ဖိုင် တင်ပေးထားတာမှာ ပထမဖိုင်က Java ရှိမရှိ မသိတဲ့ သူတွေအတွက်ပါ။ ကိုယ့်စက်ထဲမှာ jre1.8+ ရှိမှန်း သိတဲ့သူကတော့ ဒုတိယဖိုင်ကို ဒေါင်းပါ။ Theory အရတော့ Java နဲ့ ရေးတာ ဖြစ်တဲ့အတွက် Mac ရော Linux မှာပါ သုံးလို့ ရရမှာပါ။ Windows သမား မဟုတ်တဲ့သူတွေက ဒုတိယဖိုင် (jar) ကို ဒေါင်းပြီး စမ်းကြည့်ပေးကြပါဦး။ ကျနော်လည်း နောက်နေ့မှ Ubuntu တင်ပြီး စမ်းကြည့်ပါဦးမယ်။ Mac သမားတွေလည်း ကျေးဇူးပြုပြီး စမ်းပေးပါဦး။

အစစအရာရာ အဆင်ပြေကြပါစေ။

  1. PK_Converter (no Java) 45.01 MB
    http://www.mediafire.com/…/l…/PK_Converter+%28no+Java%29.zip

  2. PK_Converter (jar) 19.65 MB
    http://www.mediafire.com/…/pcdbb…/PK_Converter+%28jar%29.zip

Credit: [Phyoe Kyaw]

အောက်တွင်လက်တွေ့စမ်းသပ်ထားသော video ဖိုင်ကိုတင်ပေးထားပါတယ်။