ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မိုဘိုင်းဟန်းဆက်များ ရောင်းဝယ်ခွင့်လိုင်စင်နှင့် စမ်းသပ်ပြသခွင့်လိုင်စင် ရယူထားသော ကုမ္ပဏီများ အနေဖြင့် ယူနီကုဒ်စနစ်ကို အသုံးပြုနိုင်သည့် မိုဘိုင်းဟန်းဆက်များ တင်သွင်းနိုင်ရေး နှင့်စပ်လျဉ်း၍ ၁၅ – ၆ -၂၀၁၈ (သောကြာနေ့)နံနက် (၁၀:၀၀) နာရီ၊ ရုံးအမှတ် (၂)၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော် တွင်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

vender meeting2

vender meeting1

အဆိုပါတွေ့ဆုံပွဲသို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ မိုဘိုင်းဟန်းဆက် အများဆုံးတင်သွင်းနေသည့် ကုမ္ပဏီများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက နိုင်ငံတော်၏ အကောင်အထည်ဖော်ဆောင်ရွက်နေ့သည့် e-Government မူဝါဒများနှင့် အညီဖြစ်စေရေး၊ ယူနီကုဒ်စနစ်ကို အသုံးပြုနိုင်ရေး တို့အတွက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အလုပ်အမှုဆောင် ဦးဇော်ထွဋ်က ယူနီကုဒ်ကူးပြောင်းသုံးစွဲရေး စီမံချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ လက်ရှိအသုံးပြုနေကြသည့် ဆမ်ဆောင်းဟန်းဆက်ကဲ့သို့သော မြန်မာယူနီကုဒ်စနစ်ကိုပါ အသုံးပြုနိုင်သည့် မိုဘိုင်းဟန်းဆက်များအဖြစ် အထောက်အပံ့ပြုနိုင်ရေး၊ လိုအပ်သော နည်းပညာအကူအညီများ ထောက်ပံ့ပေးနိုင်ရေးတို့အတွက် နည်းပညာအကူအညီပေးရေး ဝက်ဆိုဒ်များ၊ facebook စာမျက်နှာနှင့် ဖုန်းနံပါတ်၊ အီးမေးလိပ်စာများ အသိပေးပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ Lenovo, HTC, Asus, Motorola, OPPO, Huawei, Vivo, iPhone, Sony, Samsung, Nokia, Singtech, Kenbo စသည့် ဟန်းဆက်တင်သွင်းသူများတက်ရောက်ကြောင်းသိရပါသည်။