ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် Nationwide Telecommunications Licence ရရှိထားသော မိုဘိုင်းအော်ပရေတာများ မြန်မာယူနီကုဒ်စနစ် အသုံးပြုသွားနိုင်စေရန် ဆောင်ရွက်သွားရမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ၅ – ၆ -၂၀၁၈ (အင်္ဂါနေ့)နံနက် (၁၀:၀၀) နာရီ၊ ရုံးအမှတ် (၂)၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော် တွင်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ၊ မိုဘိုင်းအော်ပရေတာများဖြစ်ကြသော MPT, Telenor, Ooredoo, MyTel မှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး
အစီ အစဉ်များနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေး အော်ပရေတာများ၏ SMS System များ၊ Billing System များတွင် မြန်မာယူနီကုဒ်စနစ်ကိုပါ ထည့်သွင်း အသုံးပြုသွားနိုင်ရေး၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ လိုအပ်သော နည်းပညာများ အထောက်အပံ့ရရှိနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက စတင်အကောင်အထည်ဖော်နိုင်မည့် အချိန်ကာလတို့အတွက် ပြန်လည်တင်ပြပေးရန် မှာကြားခဲ့ကြောင်းသိရပါသည်။

telco meetng