မြန်မာ ယူနီကုဒ်စနစ် ကူးပြောင်းသုံးစွဲရေးလုပ်ငန်းနှင့်ပတ်သက်၍ ၁၈.၅.၂၀၁၈ သောကြာနေ့ နေ့လယ် (၁:၀၀) နာရီ အဆောင် (၉) မြေညီထပ်၊ MICT Park ရှိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အစည်းအဝေးခန်းမတွင် ကျင်းပရာ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး နှင့် ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမိုးကျော်စိုး တို့တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။
မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ ဒေါက်တာဦးထွန်းသူရသက်က လက်ရှိအခြေအနေနှင့် ကူးပြောင်းသုံးစွဲရေးစီမံချက် Plan ကိုတင်ပြဆွေးနွေးခဲ့ပြီး Device တင်သွင်းဖြန့်ချိသူများ၊ ဖုန်းအော်ပရေတာများသို့ ယူနီကုဒ်စနစ် အထောက်အပံ့ပေးနိုင်ရေး၊ အမျိုးသားစံချိန်စံညွှန်း သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးကိစ္စများကို ဒုဝန်ကြီးမှ ဦးဆောင်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

meet minister