Windows 10 Major update ဖြစ်တဲ့ Spring Edition ကို 2018 မတ်လမှာ ထွက်လာမည်ဟု အကြောင်းကြားသိရှိရပါတယ်။
အဲဒီအတွက် MCF က Microsoft ထံဆက်သွယ်ညှိနှိုင်းဆောင်ရွက်ချက်အရ မြန်မာယူနီကုဒ်ဖောင့်စနစ်ကို
သင်ပုန်းကြီးဆိုရိုးအတိုင်း ရိုက်နှိပ်လို့ရအောင်ပြုပြင်ထားပြီးဖြစ်ပါတယ်။
ဆိုလိုသည်မှာ “မေမေ” ကို သဝေထိုး မ,ရေး “မေ” ဟု ရိုက်နှိပ်နိုင်ပါတယ်။ “မြေ” ကို သဝေထိုး မ, ရရစ် “မြေ” ဟုရိုက်နှိပ်နိုင်ပါတယ်။
ဒါအပြင် ပင့်ရစ်ဆွဲထိုး ဗျည်းတွဲများအချင်းချင်း၊ အပေါ်အောက် သရအတွဲများအချင်းချင်း၊ ဗျည်းတွဲနှင့်သရများ တွဲဆက်ရေးသားမှုများတွင်လည်း ရှေ့နောက် အစီအစဉ်များအတွက်ကိုပါ သင်ပုန်းကြီးမူအတိုင်း ဖြစ်စေရန် ပြုလုပ်ပေးသည့် အချက်လည်းပါဝင်လာပြီဖြစ်ပါတယ်။
( Insider Preview တွင် စမ်းသပ်ထားသော YouTube Video တွင်ကြည့်နိုင်ပါသည် )
ဒါကြောင့် Windows 10 အသုံးပြုသူများအနေဖြင့် Spring Edition ထွက်လာသည့်အခါ မဖြစ်မနေ update လုပ်သင့်ကြောင်း တိုက်တွန်းအပ်ပါသည် ခင်ဗျား။

မြန်မာကီးဘုတ်လက်ကွက် စမ်းသပ်ထားသော YouTube Video