ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှကြီးမှူးကျင်းပသော Chief Information Officer (CIO) လုပ်ငန်းညှိနှိင်းဆွေးနွေးပွဲကို ၆−၄−၂၀၁၇ ရက်နေ့၊ နေပြည်တော်ရှိ ဝန်ကြီးဌာန အဆောက်အဦးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒု−ဝန်ကြီးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ပညာရှင် အသီးသီးက နိုင်ငံတကာစံစနစ်ဖြစ်သည့် မြန်မာစာ ယူနီကုဒ်စနစ် အကြောင်းကို တက်ရောက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ဝန်ကြီးဌာနနှင့် ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ CIO များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

cio meeting1

cio meeting2

cio meeting3