Web Browser Extension များ

Web browser extension ဆိုတာကတော့ Firefox,Chrome,Safari,…အစရှိတဲ့ web browser တွေရဲ့လုပ်ဆောင်ချက်တွေကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးတဲ့အရာဖြစ်ပါတယ်။ဒီနေရာမှာတော့ web browser တွေရဲ့font converter extension တွေကိုအသုံးပြုပြီးဇော်ဂျီနဲ့ရေးသားထားသည်များကိုယူနီကုဒ်အသုံးပြုသူများဖတ်ရှုနိုင်ရန်တင်ပြပေးလိုက်ပါတယ်။

Firefox Browser အသုံးပြုသူများအောက်ဖော်ပြပါ browser extension များမှရွေးချယ်အသုံးပြုနိုင်ပါသည်။ပေးထားသောလင့်ကို firefox browser တွင် new tab ခေါ်၍ဝင်ရောက်ပါ။ထို့နောက် Add To Firefox ကိုနိုပ်လိုက်ပါ။Browser ကိုပိတ်၍ပြန်လည်ဖွင့်လိုက်ပါ။Browser extension ကိုစတင်အသုံးပြုနိုင်ပါပြီ။(မှတ်ချက်=MUA Web Unicode Converter မှလွဲပြီးတခြား extension များသည် Firefox Quantum ဗားရှင်းတွင်အသုံးပြုနိုင်မည်မဟုတ်ပါ။)

  • MUA Web Unicode Converter by San Lin Naing Firefox
    • MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့ အလိုအလျောက်ပြောင်းပေးသော extension ဖြစ်ပါသည်။
  • Zawgyi <–> Unicode Converter by Firefox user 11892358
    • Zawgyi – Unicode Converter will help you convert (Text) ZawgyiOne to Unicode and Unicode to ZawgyiOne.
  • Myanmar Converter Pro by @=={Lionslayer>
    • ဤကွန်ဗာတာသည် မြန်မာဝက်ဘ်စာမျက်နှာများတွင် ဇော်ဂျီမှ ယူနီကုဒ်သို့ ပြောင်းပါသည်။

Chrome Browser အသုံးပြုသူများအောက်ဖော်ပြပါ browser extension များမှရွေးချယ်အသုံးပြုနိုင်ပါသည်။ပေးထားသောလင့်ကို chrome browser တွင် new tab ခေါ်၍ဝင်ရောက်ပါ။ထို့နောက် Add To Chrome ကိုနိုပ်လိုက်ပါ။Browser ကိုပိတ်၍ပြန်လည်ဖွင့်လိုက်ပါ။Browser extension ကိုစတင်အသုံးပြုနိုင်ပါပြီ။

  • MUA Web Unicode Converter by San Lin Naing Chrome
    • MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့ အလိုအလျောက်ပြောင်းပေးသော extension ဖြစ်ပါသည်။
  • Tagu by Saturngod Chrome
    • Detect Zawgyi and Unicode and include font embed. So, user no need to install zawgyi or unicode font to see Myanmar.
  • MMTextarea for Chrome by Ye Lin Aung Chrome
    • It can convert easily text from Unicode <=> Zawgyi in new tab.
  • Myanmar ZawGyi and Unicode Converter Chrome
    • Chrome ၏ toolbar မှ ဇော်ဂျီနှင့်ယူနီကုဒ် အကြားစာသားများကို လွယ်ကူလျင်မြန်စွာ ပြောင်းလဲနိုင်ပါတယ်။
  • Zawgyi Font Tagger by lwinmoe.org Chrome
    • Browser တွင်ဇော်ဂျီဖြင့် ရေးသားထားသော စာများကို ဇော်ဂျီပုံစံဖြင့်ဖော်ပြပြီး ယူနီကုဒ်ဖြင့် ရေးသားထားသောစာများကို ယူနီကုဒ်ပုံစံဖြင့် ဖော်ပြပေးသော extension တစ်ခုဖြစ်ပါတယ်။

Andriod Firefox Browser

  • MUA Web Unicode Converter by San Lin Naing Firefox Extension for Android
    • MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့ အလိုအလျောက်ပြောင်းပေးသော extension ဖြစ်ပါသည်။

      1. ပေးထားသောလင့်ကို firefox browser တွင် new tab ခေါ်၍ဝင်ရောက်ပါ။
      2. ထို့နောက် Add To Firefox ကိုနိုပ်လိုက်ပါ။
      3. Browser ကိုပိတ်၍ပြန်လည်ဖွင့်လိုက်ပါ။
      4. Browser extension ကိုစတင်အသုံးပြုနိုင်ပါပြီ။

Safari Browser

  • MUA Web Unicode Converter by San Lin Naing Safari
    • MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့အလိုအ လျောက်ပြောင်းပေးသော extension ဖြစ်ပါသည်။

Opera Browser

  • MUA Web Unicode Converter by winnlwin
    • MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့အလိုအ လျောက်ပြောင်းပေးသော extension ဖြစ်ပါသည်။

      1. ပေးထားသောလင့်ကို opera browser တွင် new tab ခေါ်၍ဝင်ရောက်ပါ။
      2. ထို့နောက် Add To opera ကိုနိုပ်လိုက်ပါ။
      3. Browser ကိုပိတ်၍ပြန်လည်ဖွင့်လိုက်ပါ။
      4. Browser extension ကိုစတင်အသုံးပြုနိုင်ပါပြီ။

Online Converter များ

converter website ဆိုတာကတော့ website စာမျက်နှာပေါ်မှာတင် convert ပြုလုပ်နိုင်အောင်ရ ေးသားထားသော web page တစ်ခုဖြစ်ပါသည်။ Converter software ကို install တင်စရာမလိုဘဲအဆိုပါ converter web page လင့်ကို save ထားပြီးအသုံးလိုသည့်အခါတွင် web browser ၌ ပြန်လည်ခေါ်ယူ၍ အသုံးပြုနိုင်ပါသည်။ အဆိုပါ converter web page လင့်ကိုမည်သည့် browser တွင်မဆို အသုံးပြုနိုင်ပါသည်။

  • Zawgyi1 <=> Unicode 2-Way Converter MCF Myanmar
    • ဇော်ဂျီမှယူနီကုဒ် ,ယူနီကုဒ်မှဇော်ဂျီ သို့လျင်မြန်စွာပြောင်းဘဲပေးနိုင်သော converter web link ဖြစ်ပါတယ်။ ပထမဆုံးစတင်ဝင်ရောက်ပါက အင်တာနက်ရှိရန်လိုအပ်ပြီး web page link သို့ဝင်ရောက်သွားပါက bookmark လုပ်ထားပေးပါ။ နောက်တစ်ကြိမ် အသုံးပြုမည်ဆိုပါက အင်တာနက် မလိုအပ်တော့ဘဲ အဆိုပါ bookmark လုပ်ထားသောလင့်ကို browser တွင်ပြန်လည်ခေါ်ယူ၍ အသုံးပြုနိုင်ပါပြီ။
  • Myanmar fonts to Unicode ThanLwinSoft
    • ဖောင့်လေးမျိုးကို လျင်မြန်စွာ ပြောင်းလဲပေးနိုင်သော converter web link ဖြစ်ပါတယ်။ ဖောင့်လေးမျိုးတွေကတော့ Unicode, Zawgyi-One, Wininnwa, Wwin_Burmese1 တို့ဖြစ်ပါတယ်။ ဒီ converter web link ကိုလည်း bookmark လုပ်ထားပေးပါက ပထမဆုံး တစ်ကြိမ်သာ အင်တာနက်ဖွင့်ရန် လိုအပ်ပြီး နောက်တစ်ကြိမ် အသုံးပြုမည်ဆိုပါက အင်တာနက် မလိုအပ်တော့ပါ။
  • MrDBA Blog Converter Unicode <=> Zawgyi
    • ယူနီကုဒ်မှဇော်ဂျီသို့ပြောင်းလဲရန် ဇော်ဂျီ နဲ့ ယူနီကုဒ် နှစ်ခုလုံးကို လျင်မြန်စွာပြောင်းလဲပေးနိုင်သော converter blog link ဖြစ်ပါတယ်။ ဒီ converter link ကတော့ အသုံးပြုမည်ဆိုတိုင်း အင်တာနက်ရှိရန် လိုအပ်ပါတယ်။
  • Burmese Font Converter
    • ဖောင့်အမျိုးအစားပေါင်း (၁၆) မျိုးပါဝင်ပြီး အသုံးပြုရလွယ်ကူတဲ့ converter web link ဖြစ်ပါတယ်။ ပိတောက်ဖောင့်နဲ့ မြန်မာ ၃ဖောင့် တို့ပါဝင်တဲ့ converter ဖြစ်ပါတယ်။ ဒီ converter web link ကိုလည်း bookmark လုပ်ထားပေးပါက ပထမဆုံးတစ်ကြိမ်သာ အင်တာနက် ဖွင့်ရန်လိုအပ်ပြီး နောက်တစ်ကြိမ် အသုံးပြုမည်ဆိုပါက အင်တာနက် မလိုအပ်တော့ပါ။
  • Rabbit Converter
    • ဒီ converter web link လေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အသုံးပြုရလွယ်ကူပြီး ဇော်ဂျီနဲ့ ယူနီကုဒ်ကို တစ်မျက်နှာစီ ခွဲထားလို့ ရှင်းလင်းစွာ တွေ့မြင်ရပါတယ်။ဒီ converter web link ကိုလည်း bookmark လုပ်ထားပေးပါက ပထမဆုံး တစ်ကြိမ်သာ အင်တာနက်ဖွင့်ရန် လိုအပ်ပြီး နောက်တစ်ကြိမ် အသုံးပြုမည် ဆိုပါက အင်တာနက် မလိုအပ်တော့ပါ။

Converter App များ

မိမိကွန်ပျူတာမှာတစ်ခါတည်း converter ကိုထည့်သွင်းထားလိုသူများအနေဖြင့်အောက်ပါ Converter App များကို ဒေါင်းလုဒ်ရာယူနိင်ပါတယ်။ Operating System အလိုက် Windows, Linux နှင့် Mac ဟူ၍ခွဲခြား ထားပါတယ်။

  1. Windows
    • NLP Converter Myanmar Unicode and NLP Research Center
      • Microsoft Word,Microsoft Excel,Text file တွေမှာ ဇော်ဂျီနဲ့ ရေးသားထားသည်များ ကိုယူနီကုဒ်သို့ လျင်မြန်စွာ ပြောင်းလဲပေးနိုင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ ယူနီကုဒ်သို့ ပြောင်းလဲရာတွင် ဇော်ဂျီသာမက အခြားသော ဖောင့်အမျိုးအစား (၉) မျိုးကိုပါ ပြောင်းလဲပေးနိုင်ပါတယ်။
    • KaNaung Converter Soe Min
      • ဖောင့်အမျိုး အစားပေါင်း (၁၆)မျိုး ကိုလျင်မြန်စွာ ဖြင့်ပြောင်းလဲပေးနိုင်သော converter App တစ်ခုဖြစ်ပါတယ်။ ဝင်းမြန်မာ, ဝင်းအင်းဝ, ဇော်ဂျီ, မြန်မာ ၁, မြန်မာ ၃, ပိတောက် စသော ဖောင့်အမျိုးအစား (၁၆)မျိုးကို ကြိုက်နှစ်သက်ရာ ဖောင့်အား လျင်မြန်စွ ာပြောင်းလဲပေးနိုင်ပါတယ်။
    • Myanmar Unicode Dictionary Kyi Thar Soe
      • ဒီ app လေးကတော့ dictionary ရော converter အဖြစ်ပါအသုံးပြုလို့ရတဲ့ app တစ်ခုဖြစ်ပါတယိ။စာလုံးရေပေါင်း၃၇၀၀၀ ကျော်ပါဝင်ပြီးအင်္ဂလိပ် – မြန်မာ ၊ မြန်မာ – အင်္ဂလိပ် နှစ်မျိုးသုံးလို့ရပါတယ်။ဇော်ဂျီနဲ့ ဖိုင်တွေဖိုဒါတွေကိုယူနီကုဒ်အဖြစ်နာမည် ပြောင်းရန် Filename changer + ကနောင် converter ကိုထည့်သွင်းထားပါတယ်။ဒီ Myanmar Unicode Dictionary အကြောင်းကို ဒီနေရာ တွင်လေ့လာနိုင်ပါသည်။
    • Myanmar2 to Myanmar3 Converter
      • Myanmar2 ဖြင့်ရေးသားထားသည်များကို Myanmar3 ဖောင့် format ပုံစံအတိုင်း မှန်ကန်စေရန် ပြောင်းလဲပေးပါသည့် converter ဖြစ်ပါတယ်။
    • PK Converter Phyoe Kyaw
      • ကွန်ပြူတာအတွက် ( 1 ). Text Converter ( 2 ). Filename Converter ( 3 ). MP3 Tag Converter ဆိုပြီစုစုပေါင်း သုံးမျိုးပေါင်းပေးထားသော converter ဖြစ်ပါတယ်။
  1. Linux
    • DocChartConv ThanLwinSoft
      • Linux အတွတ်ယူနီကုဒ် converter app လေးတစ်ခုဖြစ်ပါတယ်။